Courses

All ပုံမှန်သင်တန်းများ

(၉) အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း

                                     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်                                    ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၃) သင်တန်းဝင်ညွှန်ကြားလွှာ   တည်နေရာ၊ သင်တန်းကာလနှင့် သတင်းပို့ရမည့်နေ့ ၁။      အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၃)ကို  ရန်ကုန်တိုင်းဒေသကြီး၊  လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာအနီးရှိ   နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့မှစ၍ ဇူလိုင်လ ၂၁ ရက်နေ့အထိ ရက်သတ္တ(၁၀)ပတ်ကြာ ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းတက်ရောက်ရမည့်သူများသည် ၂၀၂၃ ခုနှစ်၊ မေလ ၁၂ရက် (သောကြာ)နေ့ မွန်းလွဲပိုင်း (၁၈:၀၀)နာရီ နောက်ဆုံးထား၍ ရောက်ရှိသတင်းပို့ကြရမည်။  ရည်ရွယ်ချက် ၂။       နိုင်ငံ့တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအား အမျိုးသားရေးအမြင် ရရှိရေးနှင့် စိတ်ဓာတ်  ကြံ့ခိုင်မှုရှိစေရေးတို့အတွက် လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် သက်ဆိုင်ရာ ပညာရပ်များကို အခြေခံအားဖြင့် နားလည်သဘောပေါက်စေပြီး စည်းကမ်းနှင့် ကိုယ်ကျင့်သိက္ခာကို [...]