(၅) အရာထမ်းလောင်း(အထူး)သင်တန်း

DURATION:
၁၆ ပတ်
ID:
005

                                ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်                                   

ပြည်ထောင်စုရာထူးဝန်အဖွဲ့

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)

အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ်(၁၁)

သင်တန်းဝင်ညွှန်ကြားလွှာ

 

တည်နေရာ၊ သင်တန်းကာလနှင့် သတင်းပို့ရမည့်နေ့

၁။      အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ်(၁၁)ကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်၊ ဖောင်ကြီးကျေးရွာအနီးရှိ   နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ရက်သတ္တ(၁၆)ပတ်ကြာ  ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတက်ရောက်ရမည့်သူများသည်   ၂၀၂၃  ခုနှစ်၊ နိုဝင်ဘာလ ၃ ရက် (သောကြာ) နေ့  (၁၈:၀၀) နာရီ နောက်ဆုံးထား၍ ရောက်ရှိသတင်းပို့ကြရမည်။ 

ရည်ရွယ်ချက်

၂။         နိုင်ငံ့တာဝန်ထမ်းဆောင်မည့် အရာထမ်းလောင်းများအား စွမ်းဆောင်ရည် ပိုမိုမြှင့်တင်နိုင်ရေးနှင့် အရည်အသွေးပြည့်မီသော ဝန်ထမ်းကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ရည်မှန်းချက်ကို အထောက်အကူ ဖြစ်စေရေးတို့အတွက် ရည်ရွယ်ပါသည်။

အရည်အချင်းသတ်မှတ်ချက်

၃။         ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ကြော်ငြာခေါ်ယူထားသောလစာနှုန်း (၂၇၅၀၀ဝိ-၄၀၀ဝိ- ၂၉၅၀၀ဝိ)သို့ လျှောက်ထားရွေးချယ်ခံရသည့် အရာထမ်းလောင်းများ တက်ရောက်ရမည်ဖြစ်ပြီး အောက်ပါအချက်များနှင့် ကင်းရှင်းသူများဖြစ်ရပါမည်-

(က)    ဆေးအဆင့်မမီသူများ၊ (ဥပမာ-ကူးစက်ရောဂါ၊ စိတ်ရောဂါ၊ ကင်ဆာရောဂါ၊ အရေပြား ရောဂါ၊ အေအိုင်ဒီအက်စ် ရောဂါနှင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ခြေ၊ လက်၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း ခွဲစိတ်ကုသထားသူများနှင့် ဆေးထောက်ခံချက်တွင် Unfit  for Training ဖြစ်နေသူများ)၊

( ခ )   COVID-19 ကာကွယ်ဆေး(၂)ကြိမ် မထိုးရသေးသူများ၊

( ဂ )   အမှုကိစ္စနှင့်ပတ်သက်၍ ခုံရုံး၊ တရားရုံးများတွင် အမှုဆိုင်ရန်၊ သက်သေခံရန်ရှိသူများ၊

(ဃ)    ကိုယ်ဝန်ဆောင်နှင့် မီးဖွားပြီးစ အမျိုးသမီးများ၊

( င )   နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၁၀၁၊ နည်းဥပဒေခွဲ(ဇ)အရ မွေးကင်းစ ကလေးငယ် ပြုစုစောင့်ရှောက်ခွင့်ခံစားမည့်သူများ၊

၄။      (က)    အောက်ပါပစ္စည်းများ ယူဆောင်လာရမည်-

( ၁ )   ခြင်ထောင်                                  ၁  လုံး

( ၂ )    စောင်                                         ၁  ထည်

( ၃ )   ခေါင်းအုံးစွပ်                                 ၁  ခု

( ၄ )   မတ်ခွက်                                     ၁  လုံး

( ၅ )   ဇွန်း/ခက်ရင်း                               ၁  စုံ

( ၆ )   အနွေးထည်/မိုးကာအင်္ကျီ(အရှည်)     ၁  ထည်စီ

( ၇ )   တိုက်ပုံ(အဖြူ)                             ၁  ထည်

( ၈ )   PT အင်္ကျီ တီရှပ်(အဖြူ)                  ၁  ထည်

( ၉ )   ခြေအိတ်(အနက်)                          ၂   စုံ

(၁၀)   ခြေအိတ်(အဖြူ)                           ၂  စုံ

(၁၁)   သေတ္တာ/Baggage                        ၁  လုံး

(၁၂)    နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ  ၁  အုပ်စီ

(၁၃)   ဗလာစာအုပ်                                ၁  ဒါဇင်

(၁၄)   Calculator                                   ၁  လုံး

(၁၅)   ကင်းဘတ်ဖိနပ်(အဖြူ)                   ၁  ရန်

(၁၆)   A4 80 ဂရမ်                                 ၁ထုပ် (သင်ခန်းစာဖြန့်ဝေရန်)

( ခ )   သတင်းပို့လာရောက်သည့်အခါ အောက်ဖော်ပြပါ အထောက်အထား စာရွက်စာတမ်း များကို တစ်ပါတည်း ယူဆောင်လာကြရမည်-

(၁)     နိုင်ငံသားစိစစ်ရေးကတ်ပြား၊

(၂)      ဌာနဆိုင်ရာ ခရီးသွားလာခွင့်အမိန့်၊

(၃)     အမှုကင်းရှင်းကြောင်း ဌာနဆိုင်ရာ / ရဲစခန်း   ထောက်ခံချက်၊

(၄)     ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးလက်မှတ် ထောက်ခံချက် ပေးပိုင်ခွင့်ရှိသော ဆေးရုံ၊ ဆေးခန်းတာဝန်ခံဆရာဝန်များထံမှ ကျန်းမာကြောင်း ဆေးထောက်ခံချက်၊

(၅)     Covid-19 ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီးကြောင်းထောက်ခံချက်နှင့် သင်တန်းသို့ ဝင်ရောက်သတင်းမပို့မီ(၇၂)နာရီအတွင်း Covid-19 ရောဂါပိုးစစ်ဆေးပြီး ရောဂါပိုး မတွေ့ရှိကြောင်း ထောက်ခံချက်။

( ဂ )   အောက်ပါစရိတ်များကျခံရပါမည်-

(၁)     လစဉ်ဆံပင်ညှပ်ခ(သင်တန်းသား)၊

(၂)      ကသဆွဲပြား၊

(၃)     လိုင်စင်ဓာတ်ပုံကြေး၊

(၄)     ဒိုဘီခ

(၅)     ယူနီဖောင်းတံဆိပ်တပ်ခ

(၆)     ပြဋ္ဌာန်းစာအုပ်ဖိုး

(ဃ)    တက္ကသိုလ်မှ အောက်ပါပစ္စည်းများထုတ်ပေးမည်ဖြစ်ပြီး သင်တန်းဆင်းပါက ပြန်လည် အပ်နှံရပါမည်-

(၁)     ခုတင်

(၂)      မွေ့ရာ

(၃)     ခေါင်းအုံး(၁)လုံး

(၄)     စောင် (၁)ထည်

(၅)     ယူနီဖောင်း(၃)စုံ

(၆)     လျှာထိုးဦးထုပ်(၁)လုံး

(၇)     ခါးပတ် (၁)ခု

(၈)     တောစီးဖိနပ်(အနက်) (၁)ရန်

(၉)     ရှူးဖိနပ်(အနက်) (၁)ရန်

(၁၀)   ဘေးလွယ်အိတ်(၁)လုံး

(၁၁)   PT ဘောင်းဘီ (၁)ထည်

သင်တန်းမဖွင့်မီအစီအစဉ်

၅။      သင်တန်းမဖွင့်မီဆောင်ရွက်ရမည့် အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    ၄-၁၁၂၀၂၃ (စနေနေ့) ၀၉:၀၀ နာရီမှ ၁၁:၀၀ နာရီထိ

– အဆောင်ကြီးကြပ်အဖွဲ့က သင်တန်းကာလအတွင်း သင်တန်းသား/သူများ၏ နေထိုင်စားသောက်မှုစည်းကမ်း၊ စာသင်ဆောင်စည်းကမ်း၊ အိပ်ဆောင် စည်းကမ်းများအား ရှင်းလင်းခြင်း၊

၄-၁၁၂၀၂၃ (စနေနေ့) ၁၃:၀၀ နာရီမှ ၁၆:၀၀ နာရီထိ

  • သင်တန်းဝတ်စုံများ ထုတ်ပေးခြင်းနှင့် တက္ကသိုလ်ဈေးတန်းသို့ သင်တန်းသုံး

ပစ္စည်းများ ဝယ်ယူခြင်း။

( ခ )   ၅-၁၁၂၀၂၃ (တနင်္ဂနွေနေ့)၀၉:၀၀ နာရီမှ ၁၁:၀၀ နာရီထိ 

  • ကာကွယ်ရေးပညာဌာနမှ အဆောင်ခင်းကျင်းမှုနှင့် ဝတ်စားဆင်ယင်မှုစည်းကမ်း များအား ရှင်းလင်းခြင်း၊

၅-၁၁၂၀၂၃ (တနင်္ဂနွေနေ့)၁၃:၀၀ နာရီမှ ၁၆:၀၀ နာရီထိ

  • တက္ကသိုလ်ဆေးရုံတွင် ကျန်းမာရေးဆေးစစ်မှုခံယူခြင်း။

နေ့စဉ်အချိန်ဇယား

၆။      အောက်ဖော်ပြပါ သင်တန်းအချိန်ဇယားအတိုင်း လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ကြရပါမည်-

(က)    ၀၅:၃၀                    နာရီ    နံနက်အိပ်ရာထချိန်။

( ခ )   ၀၆:၀၀ – ၀၆:၃၀        နာရီ    နံနက်ကိုယ်လက်ကြံ့ခိုင်ရေး။

( ဂ )   ၀၆:၃၀ – ၀၆:၅၀       နာရီ    နံနက်စောစာစားချိန်။

(ဃ)    ၀၇:၂၀                    နာရီ    တန်းစီ၊ လူစစ်၊ သစ္စာဆို။

( င )   ၀၈:၀၀ – ၁၁:၅၀        နာရီ    နံနက်ပိုင်းသင်တန်းချိန်များ။

( စ )   ၁၂:၀၀ – ၁၃:၀၀        နာရီ    နေ့လည်စာစားချိန်။

(ဆ)    ၁၃:၀၀ – ၁၅:၅၀        နာရီ    နေ့လည်ပိုင်းသင်တန်းချိန်များ။

( ဇ )   ၁၆:၃၀ – ၁၇:၀၀        နာရီ    ညနေပိုင်းကိုယ်လက်ကြံ့ခိုင်ရေး။

( ဈ )   ၁၇:၃၀ – ၁၈:၃၀       နာရီ    ညနေစာစားချိန်။

( ည)   ၁၈:၅၀                   နာရီ    တန်းစီ၊ လူစစ်၊ သစ္စာဆို။

( ဋ )   ၁၉:၀၀ – ၂၁:၀၀       နာရီ    ကိုယ်ပိုင်စာကြည့်ချိန်။

( ဌ )   ၂၁:၃၀                    နာရီ    အိပ်ချိန်(မီးအားလုံးပိတ်)

ဝတ်စုံသတ်မှတ်ချက်

၇။      သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း အောက်ပါအတိုင်းဝတ်ဆင်ရမည် –

(က)    သင်ခန်းစာသင်ကြားချိန်။        သင်တန်းဝတ်စုံ(၃)စုံကို တက္ကသိုလ်မှထုတ်ပေးပါမည်။

( ခ )   ကိုယ်လက်ကြံ့ခိုင်ရေးပြုလုပ်ချိန်။        တက္ကသိုလ်မှ    ထုတ်ပေးသော     PT      Uniform

ဘောင်းဘီရှည်၊ တီရှပ်၊ ကင်းဘတ်ဖိနပ်(အဖြူ)၊ ခြေအိတ်။

( ဂ )   စားရိပ်သာ၌ ထမင်းစားချိန်တွင် အောက်ပါအတိုင်းဝတ်ဆင်ရမည်-

(၁)     သင်တန်းသားများ။    လည်ကတုံးအင်္ကျီ၊ ကော်လံပါသောအင်္ကျီ၊ ပုဆိုးနှင့် ညှပ်ဖိနပ်။

(၂)      သင်တန်းသူများ။       မြန်မာအင်္ကျီလက်ရှည်၊ လက်စက၊ ထဘီနှင့်ညှပ်ဖိနပ်။

(ဃ)    သင်တန်းချိန်ပြင်ပ တက္ကသိုလ်အပန်းဖြေနယ်မြေသို့ ထွက်ခွာရာတွင် အောက်ပါ အတိုင်း ဝတ်ဆင်ရမည် –

(၁)     သင်တန်းသားများ။  လည်ကတုံးအင်္ကျီအဖြူ၊ တိုက်ပုံအဖြူ၊ပုဆိုးနှင့်ညှပ်ဖိနပ်။

(၂)      သင်တန်းသူများ။       ရင်ဖုံးအင်္ကျီလက်ရှည်၊ လက်စက၊ ထဘီနှင့်ညှပ်ဖိနပ်။

(င)     သတ်မှတ်ဝတ်စုံများကိုဝတ်ဆင်ရာတွင် သင်တန်းသားစိစစ်ရေးကတ်ကို သင်တန်း ဝတ်စုံများ၌ လက်ယာဘက်ရင်အုံ ဒုတိယမြောက်ကြယ်သီး၏ တည့်တည့်တွင် တပ်ဆင်ရမည်ဖြစ်ပြီး၊ အရပ်ဝတ်ဖြင့်ဝတ်ဆင်ရာ၌ လည်ဆွဲကတ်ပြားများကို လည်ပင်း တွင် ချိတ်ဆွဲဝတ်ဆင်ရမည်ဖြစ်ပါသည်။

စည်းကမ်းများ

၈။      အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များကို  လိုက်နာဆောင်ရွက်ကြရပါမည်-

(က)    စာသင်ဆောင်စည်းကမ်း

(၁)     သတ်မှတ်ဝတ်စုံကိုဝတ်ဆင်ရမည်၊

(၂)      စာသင်ခန်းတွင် အချိန်မီနေရာယူပြီးဖြစ်ရမည်၊

(၃)     သင်တန်းနှင့် မသက်ဆိုင်သည့် စာအုပ်၊ ပစ္စည်း၊ အစားအသောက်စသည်များကို

ယူဆောင်ခွင့်မပြု၊

(၄)     လက်ကိုင်ဖုန်း၊ MP 3၊  MP 4၊  Camera၊  Video Camera တို့ကို စာသင်ကြားချိန်အတွင်း အသုံးမပြုရ။

(ခ)     အိပ်ဆောင်စည်းကမ်း

(၁)     တစ်ယောက်အိပ်ခန်း(သို့မဟုတ်)Hall Type များစီစဉ်ပေးမည်ဖြစ်ပြီး သတ်မှတ် ပေးထားသော အိပ်ခန်း/အိပ်ဆောင်များတွင် စည်းကမ်းတကျ နေထိုင်ရမည်၊

(၂)      အသုံးပြုရန်ထုတ်ပေးထားသောပစ္စည်းများကို စနစ်တကျ ကိုင်တွယ်အသုံးပြုရမည်၊

(၃)     အိပ်ခန်း/အိပ်ဆောင်အတွင်းသို့ ဧည့်သည်များ ခေါ်ဆောင်ခြင်းမပြုရ၊

(၄)     အိပ်ခန်း/အိပ်ဆောင်အတွင်း/အပြင်ကို နေ့စဉ်သန့်ရှင်းရေးပြုလုပ်ရမည်၊

(၅)     အိပ်ခန်း/အိပ်ဆောင်အတွင်း၌ ချက်ပြုတ်စားသောက်ခြင်း လုံးဝမပြုလုပ်ရ၊

(၆)     နိုင်ငံပိုင်ပစ္စည်းများကို မိမိကိုယ်ပိုင် ပစ္စည်းသဖွယ်  ဂရုတစိုက်ရိုသေစွာကိုင်တွယ် အသုံးပြုကြရမည်။မိမိကြောင့်နိုင်ငံပိုင်ပစ္စည်းတစ်စုံတစ်ရာပျက်စီး၊ ပျောက်ဆုံး ပါက ပစ္စည်းတန်ဖိုး၏ (၃)ဆကို ပေးလျော်ရမည်။

(ဂ)     စားရိပ်သာစည်းကမ်း

                   (၁)     စည်းကမ်းတကျ စားသောက်ကြရမည်၊

(၂)      သတ်မှတ်ဝတ်စုံကို ဝတ်ဆင်ကြရမည်၊

(၃)     တာဝန်မှအပ စားရိပ်သာဝန်ထမ်းများနှင့် ဆက်သွယ်ဆက်ဆံခြင်း မပြုလုပ်ရ၊

(၄)     သတ်မှတ်ချိန်အတွင်းသာ စားသောက်ရမည်။

(ဃ)    စာကြည့်တိုက်စည်းကမ်း

(၁)     သင်တန်းချိန်ပြင်ပ ကိုယ်ပိုင်ချိန်များတွင် အသုံးပြုခွင့်ရှိသည်၊

(၂)      သတ်မှတ်ထားသောစည်းကမ်းအတိုင်း စာအုပ်စာတမ်းများကို ငှားရမ်းဖတ်ရှု

နိုင်သည်။

(င)     COVID-19 စည်းကမ်း

(၁)     ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ရမည်။

(၂)      တစ်ဦးနှင့်တစ်ဦး (၆)ပေကွာနေထိုင်ရမည်။

(၃)     လက်ကိုမကြာခဏဆေးကြောရမည်။

(၄)     တစ်ဦးနှင့်တစ်ဦး အသိပေး၊ သတိပေးရမည်။

(၅)     ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် COVID-19 စည်းကမ်းချက်များ နှင့်အညီ အခါအားလျော်စွာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှ ထုတ်ပြန်သည့်   COVID-19 ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။

၉။      သင်တန်းသား၊ သင်တန်းသူအားလုံးတို့သည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ထုတ်ပြန်ထားသော သင်တန်းဝင်ညွှန်ကြားလွှာ၊ သင်တန်းသား၊ သင်တန်းသူများလိုက်နာရန် သင်တန်း ဆိုင်ရာတည်မြဲအမိန့်၊ အခါအားလျော်စွာ ထုတ်ပြန်ထားသော ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရမည့်အပြင် အောက်ပါအချက်များကိုလည်းလိုက်နာရမည်-

(က)    နိုင်ငံတော်အစိုးရမှသတ်မှတ်ထားသော ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြား ချက်များ၊ သီးခြားထုတ်ပြန်ထားသောအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်၊

( ခ )   နိုင်ငံရေးပါတီများနှင့်ပတ်သက်ဆက်နွယ်ခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းမပြုလုပ်ရ၊

(ဂ )    နိုင်ငံရေးပါတီတစ်ခုခု၏ အမှတ်တံဆိပ်ပါရှိသည့် အသုံးအဆောင်ပစ္စည်းများ ဝတ်ဆင်အသုံး

ပြုခြင်း၊ နိုင်ငံတော်ကိုဆန့်ကျင်သည့် အရေးအသား အပြောအဆိုများဖြင့် လှုံ့ဆော်ခြင်း၊ အားပေးအားမြှောက်ပြုခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ရ၊

(ဃ)    သင်တန်းနှင့် ပတ်သက်သော အကြောင်းအရာများ၊ နိုင်ငံရေးနှင့် ပတ်သက်သော အကြာင်းအရာများကို လူမှုကွန်ယက်တွင် လွှင့်တင်ခြင်း၊ Like & Share ပြုလုပ်ခြင်း၊ Comment ရေးသားခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ရ။

တားမြစ်ချက်များ

၁၀။    သင်တန်းသို့ အောက်ပါပစ္စည်းများ ယူဆောင်မလာရန် တားမြစ်သည်-

(က)    လူကိုအန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းများနှင့် ထိခိုက်ရှနာ ဖြစ်စေတတ်သော ပစ္စည်းများ၊

( ခ )   အဖိုးတန် လက်ဝတ်ရတနာပစ္စည်းများနှင့် များပြားသော ငွေကြေးပမာဏ၊

( ဂ )   ရေဒီယို၊ ကက်ဆက်နှင့် တူရိယာပစ္စည်းများ၊

(ဃ)    စစ်တုရင်၊ ကျားခုံ ၊ ဇယ်တောက်ခုံ၊

( င )   မူးယစ်စေတတ်သော အဖျော်ယမကာများ၊ စိတ်ပြောင်းမူးယစ်ဆေးဝါးနှင့် အကျုံးဝင် သည့်ပစ္စည်းများ၊

( စ )   သင်တန်းနှင့် မသက်ဆိုင်သော ပစ္စည်းများ ( ဥပမာ- မော်တော်ကား၊ ဆိုင်ကယ်)၊

(ဆ)    မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့် မလျော်ညီသော အမျိုးသား/ အမျိုးသမီးများ ဆံပင်ကိုဆေးရောင်စုံဆိုးခြင်း၊ အမျိုးသားများ နားကွင်း/နားကပ်ပန်ခြင်း၊ အမျိုးသမီးများ နားပေါက်အများအပြား ဖောက်၍ နားကပ်ပန်ခြင်းတို့ကိုခွင့်မပြုပါ၊

(ဇ)     တက္ကသိုလ်နယ်မြေအတွင်းတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မလျော်ညီသည့် သရုပ်ပျက် ဝတ်စားဆင်ယင်မှုများ၊ ပါတီနိုင်ငံရေးနှင့် ကင်းရှင်းမှုမရှိသည့် ရုပ်ပုံ/ အလံ/ တံဆိပ်/ စာသားများ ပါရှိသည့် အဝတ်အစားများ ဝတ်ဆင်ခြင်းမပြုရ။

အထွေထွေကိစ္စရပ်များ

၁၁။    အောက်ပါအချက်များကိုလိုက်နာရမည်ဖြစ်ပါသည်-

(က)    အိပ်ဆောင်များနှင့် စားရိပ်သာများတွင် စုပေါင်းနေထိုင် စားသောက်ကြရမည်ဖြစ်ပြီး အခြားမည်သူတစ်စုံတစ်ဦးကိုမှ သင်တန်းခန်း၊သင်တန်းဆောင်များသို့ ခေါ်ဆောင်ခွင့် မပြုပါ၊

(ခ )     မိမိတို့နေထိုင်ရာ အဆောင်ဝန်း/ အဆောင်အတွင်း/ အပြင် သန့်ရှင်းရေးကို နေ့စဉ် ဆောင်ရွက်ကြရမည်။

သင်တန်းပျက်ကွက်ခွင့်

၁၂။     သင်တန်းကာလအတွင်း ကိုယ်ရေးကိုယ်တာကိစ္စများအတွက် သင်တန်းပျက်ကွက်ခွင့်ပြုမည် မဟုတ်ဘဲ နာရေးကိစ္စနှင့် အထောက်အထား ခိုင်လုံသောကိစ္စများကိုသာ စဉ်းစားမည်ဖြစ်သည်။

ပညာရပ်ဆိုင်ရာစာတမ်းတင်ပြခြင်း

၁၃။    နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များရှိ ပညာဌာန(၈)ခုမှ ပို့ချသည့် စီမံခန့်ခွဲမှု၊ စီးပွားရေး၊ ဥပဒေ၊ လူမှုရေးသိပ္ပံ၊ နိုင်ငံရေးသိပ္ပံ၊ အင်္ဂလိပ်စာ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ကာကွယ်ရေးဘာသာရပ်များအနက် နှစ်သက်ရာအကြောင်းအရာတစ်ခုအား စာတမ်းပြုစုတင်ပြရမည် ဖြစ်၍ လိုအပ်သောအချက်အလက်များကို တစ်ပါတည်းယူဆောင်လာကြရမည်။

၁၄။    သင်တန်းသား၊ သင်တန်းသူများအတွက် လိုအပ်သောသင်ခန်းစာ အကျဉ်းချုပ်များကို တက္ကသိုလ်မှ တာဝန်ယူဖြန့်ဝေပေးမည်ဖြစ်ပါသည်။ သင်တန်းကာလအတွင်း သင်ကြားသည့် ဘာသာရပ်များနှင့် စပ်လျဉ်း၍ တစ်ဦးချင်းဖြစ်စေ၊ အုပ်စုအလိုက်ဖြစ်စေ ဆွေးနွေးခြင်း၊ စာတမ်းများ ပြုစုတင်ပြခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် ရည်ညွှန်းချက် စာအုပ်စာတမ်းများကို တက္ကသိုလ် စာကြည့်တိုက်တွင် ရှာဖွေလေ့လာနိုင်ရန် စီစဉ်ထားရှိပေးမည်ဖြစ်ပါသည်။

သင်တန်းဆက်လက်တက်ရောက်ခြင်းမှရပ်စဲခြင်း

၁၅။    အောက်ပါအချက်တစ်ခုခုနှင့် ငြိစွန်းပါက မိခင်ဌာနသို့ ပြန်လည်စေလွှတ်မည်ဖြစ်ပါသည်-

(က) သင်တန်းဆိုင်ရာ စည်းကမ်းဖောက်ဖျက်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းနှင့် ရိုင်းပျစွာပြုမူ ဆက်ဆံခြင်း၊ သင်တန်းချိန် စုစုပေါင်း၏ (၁၀)% သင်တန်းပျက်ကွက်ခြင်း၊ ခွင့်မဲ့ ပျက်ကွက် စုစုပေါင်း(၇၂)နာရီပျက်ကွက်ခြင်း၊
(ခ ) သင်တန်းတက်ရောက်စဉ်ကာလအတွင်း CDM ဝန်ထမ်းများနှင့် သော်လည်းကောင်း၊ အစိုးရဆန့်ကျင်ဘက် မီဒီယာများနှင့်သော်လည်းကောင်း ချိတ်ဆက်၍ သင်တန်းဆိုင်ရာ အချက်အလက်များ၊ ဘာသာရပ်ဆိုင်ရာအချက်အလက်များ၊ တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ ပေးပို့ခြင်းမပြုရ၊ ပေးပို့ကြောင်း စုံစမ်းသိရှိပါက သင်တန်း တက်ရောက်ခြင်းမှရပ်စဲ၍ ဌာနဆိုင်ရာရေးယူ ဆောင်ရွက်နိုင်ရေး မိခင်ဌာနသို့ ပြန်လည်စေလွှတ်ခြင်းခံရမည်။

သက်သာချောင်ချိရေး

၁၆။    အောက်ပါအတိုင်း ဆောင်ရွက်ပေးမည် ဖြစ်ပါသည်-

(က)    တက္ကသိုလ်တွင်းစျေးဆိုင်တန်း။        အောက်ပါအတိုင်းသွားလာနိုင်သည်-

(၁)     သတ်မှတ်ချိန်အတွင်း သွားနိုင်သည်၊

(၂)      သတ်မှတ်ဝတ်စုံကို စနစ်တကျ ဝတ်ဆင်ရမည်၊

(၃)     တရားမဝင်ပစ္စည်းများ ဆက်သွယ်မှာယူ/ စားသုံးခြင်း မပြုလုပ်ရ။

( ခ )   ဒိုဘီပေးခြင်း။  မိသားစုဒိုဘီများသို့ စျေးနှုန်းချိုသာစွာဖြင့် အပ်နှံနိုင်ရန် စီစဉ်ပေးမည်။

ကျန်းမာရေး

၁၇။    အောက်ပါအတိုင်းဆောင်ရွက်ပေးမည် ဖြစ်ပါသည်-

(က)    သင်တန်းကာလအတွင်း ကျန်းမာရေးချို့တဲ့ပါက တက္ကသိုလ်ဆေးရုံသို့ အဖော်(၁)ဦး လိုက်ပါ၍ တက္ကသိုလ်ဆေးရုံ တာဝန်ခံဆရာဝန်ထံ ပြသရမည်၊

( ခ )   အနားယူရန်လိုအပ်ပါက တက္ကသိုလ်ဆေးရုံ တာဝန်ခံဆရာဝန်က ဆေးနား (ဆေးအဆင့် – စီ) သတ်မှတ်ပေးမည်၊

( ဂ )   သင်တန်းချိန်အတွင်း ဆေးခန်းသွားခြင်း၊ ဆေးနားခံစားခြင်း၊ ဆေးစစ်ခံသွားရောက် ခြင်းများအား သင်တန်းပျက်ကွက်ချိန်အဖြစ် သတ်မှတ်မည်။

လောင်းကစားခြင်း၊ မူးယစ်စေတတ်သော အဖျော်ယမကာများ၊ မူးယစ်ဆေးဝါးနှင့် အကျုံးဝင်သည့် ပစ္စည်းများသုံးစွဲခြင်း

၁၈။    အောက်ပါတို့ကို လိုက်နာရမည်-

(က)    သင်တန်းကာလအတွင်း မည်သည့်လောင်းကစားခြင်းမျိုးကိုမျှ မပြုလုပ်ရ၊

( ခ )   မူးယစ်စေတတ်သော အဖျော်ယမကာများ၊ မူးယစ်ဆေးဝါးနှင့် အကျုံးဝင်သည့် ပစ္စည်းများ သုံးစွဲခြင်း/ ယူဆောင်လာခြင်းလုံးဝ မပြုလုပ်ရ၊

( ဂ )   ဖောက်ဖျက်ကျူးလွန်ပါက သင်တန်းဆက်လက်တက်ရောက်ခြင်းမှရပ်စဲခြင်းခံရမည်။

တက္ကသိုလ်မှပြန်လည်ထွက်ခွာခြင်း

၁၉။    သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းပြီးဆုံး၍ တက္ကသိုလ်မှ ပြန်လည် ထွက်ခွာ ရာတွင် အောက်ပါအချက်များကို ရှင်းလင်းဆောင်ရွက်ရပါမည်-

(က)    ထုတ်ပေး/ ငှားရမ်းထားသောပစ္စည်းများအား ပြန်လည်အပ်နှံပြီးဖြစ်ရမည်၊

( ခ )   ငွေကြေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြီး ဖြစ်ရမည်၊

( ဂ )   မိမိအိပ်ခန်း/အိပ်ဆောင် အတွင်း/ အပြင် သန့်ရှင်းရေးဆောင်ရွက်ပြီး ဖြစ်ရမည်။

သင်တန်းဆင်းအစီရင်ခံစာပေးပို့ခြင်း

၂၀။     သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းအောင်မြင်ပြီးမြောက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ရောက်ရှိတာဝန်ထမ်းဆောင်သည့်အခါတွင် သင်တန်းဆင်းအစီရင်ခံစာ တင်ပြရမည်  ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)နှင့် ပြည်ထောင်စုရာထူးဝန် အဖွဲ့သို့ မိတ္တူပေးပို့ ရမည်ဖြစ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်