၁။ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စတင်တည်ထောင်ခဲ့သည့် ၁၉၆၅ခုနှစ်မှ စ၍ သင်တန်းအမျိုးအစား(၃)မျိုးဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ ယေဘုယျအားဖြင့် ဝန်ကြီး ဌာနအသီးသီးမှ ရာထူးအသီးသီးအတွက် လိုအပ်သည့် လေ့ကျင့်သင်ကြားမှုများ ပေးနိုင်ရန် ပုံမှန်သင်တန်းများ၊ အထူးမွမ်းမံသင်တန်းများနှင့် လိုအပ်ချက်အရ အခါအားလျော်စွာ ဖွင့်သည့် သင်တန်းများဟူ၍ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။

(က) အထူးမွမ်းမံသင်တန်းများ

တက္ကသိုလ်၊ ကောလိပ်ဆရာ၊ ဆရာမများအထူးမွမ်းမံသင်တန်းကို ၁၉၉၂ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ (၂၆)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံ သင်တန်းကို ၁၉၉၃ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ (၁၀၂)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ နယ်စပ်ဒေသရှိ မူလတန်းပြ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းကို ၁၉၉၉ခုနှစ်တွင်(၁)ကြိမ် ဖွင့်လှစ်ခဲ့ ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့အရာရှိများ အထူးမွမ်းမံ သင်တန်းကို ၁၉၉၃ခုနှစ်မှ ၂၀၁၆ခုနှစ် အထိ (၂၄)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ဆရာဝန်များ အထူးမွမ်းမံသင်တန်းကို ၁၉၉၂ခုနှစ်မှ ၁၉၉၃ခုနှစ်အထိ (၇) ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအရာရှိများ အထူးမွမ်းမံသင်တန်းကို ၁၉၉၃ခုနှစ်မှ ၁၉၉၅ခုနှစ်အထိ (၅)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင်များ အထူးမွမ်းမံ သင်တန်းကို ၁၉၉၅ခုနှစ်မှ ၁၉၉၆ခုနှစ်အထိ (၂)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ စည်ပင်သာယာရေးဦးစီးဌာန အရာရှိများ အထူးမွမ်းမံ သင်တန်းကို ၁၉၉၆ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ (၄) ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အရာရှိများ အထူးမွမ်းမံသင်တန်းကို ၁၉၉၇ခုနှစ်မှ ၁၉၉၈ခုနှစ်အထိ (၂)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ တရားရေးအရာရှိများ အထူးမွမ်းမံ သင်တန်းကို ၁၉၉၉ ခုနှစ်မှ ၂၀၀၃ခုနှစ်အထိ (၄)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ ဒေသဖွံ့ဖြိုးရေး အထူးမွမ်းမံသင်တန်းကို ၂၀၀၂ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ (၆)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။

(ခ) ပုံမှန်သင်တန်းများ

ဝန်ကြီးဌာနအသီးသီးမှ စီမံခန့်ခွဲရေးနယ်ပယ်ရှိ အကြီးအမှူးများအတွက် ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးသင်တန်းကို ၂၀၁၇ ခုနှစ်မှ ၂၀၂၃ခုနှစ် အထိ (၉) ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ အဆင့်မြင့်အရာထမ်းသင်တန်းကို ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၂၃) ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ ဝန်ကြီးဌာနအသီးသီးရှိ အလယ်အလတ်အဆင့်အရာထမ်းများအတွက် အလယ်အလတ်အဆင့် အရာထမ်းသင်တန်းကို ၂၀၀၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ (၃၂) ကြိမ် ဖွင့်လှစ်ခဲ့ပြီး ၎င်းသင်တန်း အမျိုးအစားကို အဆင့်မြင့်ဒီပလိုမာသင်တန်းအဖြစ် မြှင့်တင်၍ အလယ်အလတ်အဆင့် အရာထမ်းသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်းအမည်ဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ (၁၀) ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ ဝန်ကြီးဌာနအသီးသီးသို့ ပြင်ပမှ ဦးစီးအရာရှိဝင်ပေါက်ဖြင့် စာမေးပွဲဖြေဆို အောင်မြင် ခဲ့သည့် အရာရှိများအတွက် အရာထမ်းလောင်း အခြေခံ သင်တန်းကို ၁၉၉၉ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိ (၄၂) ကြိမ် ဖွင့်လှစ်ခဲ့ပြီး ၎င်းသင်တန်း အမျိုးအစားကို ဘွဲ့လွန်ဒီပလိုမာ သင်တန်းအဖြစ် မြှင့်တင်၍ အရာထမ်းလောင်း(အထူး)သင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်းအမည် ဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၁၀)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ အရာထမ်းအခြေခံသင်တန်းကို ၁၉၇၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၂၁၈) ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနသို့ ပြင်ပမှ လက်ထောက်ဆရာဝန် အထူးဝင်ပေါက်ဖြင့် စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သည့် ဆရာဝန်များအတွက် ၂၀၀၂ခုနှစ်မှ ၂၀၁၉ခုနှစ် အထိ (၁၀)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ အရာထမ်းငယ်သင်တန်းကို ၁၉၈၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၁၂၈)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ စာရေးဝန်ထမ်း ကြီးကြပ်တန်းမြင့်သင်တန်းကို ၁၉၇၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၉၄)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ စာရေးဝန်ထမ်းသင်တန်းကို ၁၉၇၀ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၂၀၆) ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်းကို ၂၀၂၁ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၃) ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။

(ဂ) အခါအားလျော်စွာဖွင့်လှစ်ခဲ့သည့်သင်တန်းများ

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံခန့်ခွဲရေးအဆင့်(၁) ဝန်ထမ်းများအတွက် ပြည်သူ့ရေးရာ အရာရှိသင်တန်း(အောင်ဆန်း)ကို ၁၉၆၅ခုနှစ်မှ ၂၀၀၅ခုနှစ်အထိ (၁၇)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနသို့ အလုပ်ဝင်မည့်        ဒုရဲအုပ်လောင်းများအတွက် ပြည်သူ့ရဲအရာရှိငယ် သင်တန်း (သူရ)သင်တန်းကို ၁၉၆၅ ခုနှစ်မှ ၁၉၈၇ခုနှစ်အထိ (၁၇)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီး ဌာနသို့ အလုပ်ဝင်မည့် ရဲတပ်သားသစ်များအတွက် ပြည်သူ့ရဲအခြားအဆင့် တပ်သားသစ်သင်တန်း(စည်သူ)ကို ၁၉၆၅ခုနှစ်မှ ၁၉၇၇ခုနှစ်အထိ (၄၄)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ ပြည်သူ့ရေးရာကုန်သွယ်ရေးသင်တန်းကို ၁၉၆၅ခုနှစ်မှ ၁၉၆၉ ခုနှစ်အထိ (၈)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနအောက်သို့ စခန်း အလိုက် အလုပ်ဝင်ရောက်မည့် ဒုရဲအုပ်လောင်းများအတွက် နယ်ဖြစ်ပြည်သူ့ ရဲအရာရှိငယ်သင်တန်း (သီဟ)ကို ၁၉၆၇ခုနှစ်မှ ၁၉၈၈ခုနှစ်အထိ (၁၂)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ လုံခြုံရေးနှင့်အုပ်ချုပ်ရေး ကော်မတီသင်တန်းကို ၁၉၇၀ခုနှစ်တွင် (၁)ကြိမ် ဖွင့်လှစ် ခဲ့ပါသည်။ ပြည်သူ့ရေးရာအရာရှိ မွမ်းမံသင်တန်းကို ၁၉၇၀ခုနှစ်မှ ၁၉၇၁ခုနှစ်အထိ (၁)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ ရပ်ကွက်ကျေးရွာ အုပ်စု လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီ စာရေးဝန်ထမ်း နည်းပြသင်တန်းကို ၁၉၇၃ခုနှစ်တွင် (၁)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေသင်တန်းကို ၁၉၇၃ခုနှစ် တွင် (၁)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ ပြည်နယ်/တိုင်းနှင့် မြို့နယ် ပြည်သူ့ကောင်စီ အလုပ်အမှုဆောင် အဖွဲ့ဝင်များ သင်တန်းကို ၁၉၇၅ခုနှစ်တွင် (၄)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ ပြည်သူ့ရဲတပ်ဖွဲ့စခန်း အလိုက်သင်တန်းကို ၁၉၇၉ခုနှစ်မှ ၁၉၈၀ခုနှစ်အထိ (၅)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ လမ်းစဉ်လူငယ်နည်းပြသင်တန်းကို ၁၉၈၀ခုနှစ်မှ ၁၉၈၄ခုနှစ်အထိ (၅)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ ပြည်နယ်/ တိုင်းများမှ ကိုယ်စားလှယ်များ၏သင်တန်း (လေ့လာရေးဆင့်ပွား) သင်တန်းကို ၁၉၈၁ခုနှစ် တွင် (၂)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ ကာကွယ်ရေးအမှုထမ်း အခြေခံသင်တန်းကို ၁၉၈၄ခုနှစ်မှ ၁၉၈၆ခုနှစ်အထိ (၂)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ အကောက်ခွန်လက်ထောက် အမှုထမ်းကြပ်နှင့် အမှုထမ်းမွမ်းမံသင်တန်းကို ၁၉၈၄ ခုနှစ်မှ ၁၉၈၅ခုနှစ်အထိ (၅)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ အကောက်ခွန်မှူး များမွမ်းမံသင်တန်းကို ၁၉၈၄ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ (၈)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ အကြီးတန်း အကောက်ခွန်မှူးများ မွမ်းမံသင်တန်းကို ၁၉၈၄ခုနှစ်မှ ၁၉၈၅ခုနှစ်အထိ (၅)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အကောက်ခွန် ဦးစီးမှူးများ မွမ်းမံသင်တန်းကို ၁၉၈၅ခုနှစ်တွင် (၄)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ သ‌န္ဓေရဲတပ်သား သစ်သင်တန်း(စည်သူ)ကို ၁၉၈၄ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ (၆)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ လုပ်သားအင်အားလေ့ကျင့်ရေးအခြေခံ သင်တန်းကို ၁၉၈၇ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ (၂)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ ပြည်နယ်/ တိုင်း/ခရိုင်နှင့် မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဝင် များ၏ လုပ်ငန်းခွင်သင်တန်းကို ၁၉၉၃ခုနှစ်တွင် (၃)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ အမျိုးသမီး ကဏ္ဍဖွံ့ဖြိုးမှု သင်တန်းကို ၂၀၀၃ခုနှစ်မှ ၂၀၀၈ခုနှစ်အထိ (၁၅)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ အကောက်ခွန် အမှုထမ်းသင်တန်းကို ၂၀၀၆ခုနှစ်မှ ၂၀၀၇ခုနှစ်အထိ (၂)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)
၁၉၆၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ(ပုံမှန်သင်တန်းများ)

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)
၁၉၆၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ(ပုံမှန်သင်တန်းများ)

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)
၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ(အထူးမွမ်းမံသင်တန်းများ)

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)
၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ(အခါအားလျော်စွာဖွင့်လှစ်သည့်သင်တန်းများ)