Courses

All ပုံမှန်သင်တန်းများ

(၇) စာရေးဝန်ထမ်းကြီးကြပ်သင်တန်း

                                       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်                                    ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စာရေးဝန်ထမ်းကြီးကြပ်သင်တန်း၊အမှတ်စဉ်(၉၃) သင်တန်းဝင်ညွှန်ကြားလွှာ တည်နေရာ၊ သင်တန်းကာလနှင့် သတင်းပို့ရမည့်နေ့ ၁။      စာရေးဝန်ထမ်းကြီးကြပ်သင်တန်း၊အမှတ်စဉ်(၉၃)ကိုရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ရက်သတ္တ(၁၀)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတက်ရောက် ရမည့်သူများသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်(သောကြာ)နေ့ မွန်းလွဲပိုင်း (၁၈:၀၀) နာရီ နောက်ဆုံးထား၍ ရောက်ရှိသတင်းပို့ကြရမည်။ ရည်ရွယ်ချက် ၂။       နိုင်ငံ့တာဝန်ထမ်းဆောင်နေသော စာရေးဝန်ထမ်းကြီးကြပ်သူများအား အမျိုးသားရေးအမြင် ရရှိရေးနှင့်စိတ်ဓာတ်  ကြံ့ခိုင်မှုရှိစေရေးတို့အတွက် လေ့ကျင့်ပျိုးထောင်ပေးရန်နှင့်သက်ဆိုင်ရာ ပညာရပ်များကို အခြေခံအားဖြင့် နားလည်သဘောပေါက်စေပြီး စည်းကမ်းနှင့် ကိုယ်ကျင့်သိက္ခာကို စောင့်သိထိန်းသိမ်းတတ်သော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် ရည်ရွယ်သည်။ သင်တန်းသား အရည်အချင်းသတ်မှတ်ချက် ၃။      [...]