(၁၀) တက္ကသိုလ်၊ကောလိပ် ဆရာ၊ဆရာမများအထူးမွမ်းမံသင်တန်း

DURATION:
၅ ပတ်
ID:
010

ပြည်ထောင်‌စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (‌အောက်မြန်မာပြည်)

တက္ကသိုလ်၊ကောလိပ်ဆရာ၊ဆရာမများအထူးမွမ်းမံ

သင်တန်းအမှတ်စဉ်(၂၆)

သင်တန်းဝင်ညွှန်ကြားလွှာ

တည်‌နေရာ၊ သင်တန်းကာလနှင့် သတင်းပို့ရမည့်‌နေ့

၁။      တက္ကသိုလ်/ကောလိပ်ဆရာ၊ဆရာမများ၊အထူးမွမ်းမံသင်တန်း၊ အမှတ်စဉ်(၂၆)ကို ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ()ရက်နေ့မှ နိုဝင်ဘာလ(၁၀) ရက်နေ့ထိ ရက်သတ္တ(၅)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတက်‌ရောက်ရမည့်သူများသည် ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ()ရက်‌နေ့ မွန်းလွဲပိုင်း (၁၈:၀၀) နာရီ နောက်ဆုံးထား၍ ရောက်ရှိ သတင်းပို့ကြရမည်။

ရည်ရွယ်ချက်

၂။       တက္ကသိုလ်/ကောလိပ်များရှိ သင်ကြားရေး ဆရာ၊ ဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်းပိုမို ကောင်းမွန်လာစေရန်၊ အဆင့်မြင့်ပညာရေးနှင့်စပ်လျဉ်းသော ဗဟုသုတများ၊ နိုင်ငံ့ဝန်ထမ်းနှင့် သက်ဆိုင် သော ဗဟုသုတနှင့်အတွေ့အကြုံများ တိုးပွားလာစေရန်၊ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု ပိုမိုရရှိစေရန်၊ ယုံကြည်ချက်၊ ခံယူချက်၊ စိတ်နေစိတ်ထားများ ပိုမိုကောင်းမွန် လာစေရန်နှင့် အခြေခံစစ်ပညာကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်ပါသည်။

အရည်အချင်းသတ်မှတ်ချက်

၃။      ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများရှိ တက္ကသိုလ်/ကောလိပ်များတွင် တာဝန်ထမ်းဆောင်လျက် ရှိသော သင်ကြားရေးဆရာ၊ ဆရာမများ တက်ရောက်ရမည်ဖြစ်ပြီး အောက်ပါအချက်များနှင့် ကင်းရှင်းသူများဖြစ်ရပါမည်-

(က)    ဆေးအဆင့်မမီသူများ၊ (ဥပမာ-ကူးစက်ရောဂါ၊ စိတ်ရောဂါ၊ ကင်ဆာရောဂါ၊အရေပြား ရောဂါ၊ အေအိုင်ဒီအက်စ်ရောဂါနှင့် နှလုံးရောဂါ၊ ခြေ၊ လက်၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ခွဲစိတ်ကုသထားသူများနှင့် ဆေးထောက်ခံချက်တွင် Unfit forTraining ဖြစ်နေသူများ)၊

( ခ )   COVID-19 ကာကွယ်ဆေး(၂)ကြိမ် မထိုးရသေးသူများ၊

( ဂ )   အမှုကိစ္စ မကင်းရှင်းသူများ ၊သက်ဆိုင်ရာခုံရုံး၊ တရားရုံးများတွင် မှုဆိုင်ရန်၊ သက်သေ

ခံရန် ရှိနေကြသူများ၊

(ဃ)    ကိုယ်ဝန်ဆောင်နှင့် မီးဖွားပြီးစ အမျိုးသမီးများ၊

( င )   နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၀၁၊ နည်းဥပဒေခွဲ (ဇ)အရ မွေးကင်းစ ကလေးငယ် ပြုစုစောင့်ရှောက်ခွင့်ခံစားမည့်သူများ၊

( စ )   သင်တန်းကာလအတွင်း အဝေးသင်တက္ကသိုလ်စာမေးပွဲဖြေဆိုရန်ရှိသူများ၊

( ဆ )  သင်တန်းကာလအတွင်း နိုင်ငံခြားပညာသင်၊  သင်တန်း၊  လေ့လာရေး၊  ဆွေးနွေးပွဲ၊

အလုပ်ရုံဆွေးနွေးပွဲ သွားရောက်ရန်ရှိသူများ။

( ဇ )   ဌာနတွင်းရာထူးတိုး စာမေးပွဲဖြေဆိုရန်အကျုံးဝင်သူများနှင့် ဖြေဆိုထားသူများ

သင်တန်းသား၊ သင်တန်းသူများ ယူဆောင်လာရမည့် ပစ္စည်းများ 

၄။      (က)    အောက်ပါပစ္စည်းများ ယူဆောင်လာရမည်-

( ၁ )   ခြင်ထောင်                                  ၁   လုံး

( ၂ )    စောင်                                          ၁   ထည်

( ၃ )   ခေါင်းအုံးစွပ်                                ၁  ခု

( ၄ )   မတ်ခွက်                                     ၁  လုံး

( ၅ )   ဇွန်း/ခက်ရင်း                               ၁  စုံ

( ၆ )   အနွေးထည်/မိုးကာအင်္ကျီအရှည်       ၁  ထည်စီ

( ၇ )   တိုက်ပုံ(အဖြူ)                             ၁  ထည်

( ၈ )   PT အင်္ကျီ၊ တီရှပ်အဖြူ                   ၁  ထည်

( ၉ )   ခြေအိတ်အနက်                            ၂   စုံ

( ၁၀ ) ခြေအိတ်အဖြူ                             ၂   စုံ

( ၁၁ ) သေတ္တာ/Baggage                        ၁  လုံး

( ၁၂ )  နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ   ၁  အုပ်စီ

( ၁၃ )  ဗလာစာအုပ်                                ၁  ဒါဇင်

( ၁၄ )  ကင်းဘတ်ဖိနပ်                            ၁  ရန်

( ၁၅ ) A4 80 ဂရမ်                                 ၁  ထုပ် (သင်ခန်းစာဖြန့်ဝေရန်)

( ခ )   သတင်းပို့လာရောက်သည့်အခါ အောက်ဖော်ပြပါ အထောက်အထား စာရွက်စာတမ်း များကို တစ်ပါတည်း ယူဆောင်လာကြရမည်-

(၁)     နိုင်ငံသားစိစစ်ရေးကတ်ပြား၊

(၂)      ဌာနဆိုင်ရာ ခရီးသွားလာခွင့်အမိန့်၊

(၃)     အမှုကင်းရှင်းကြောင်း ဌာနဆိုင်ရာ ထောက်ခံချက်၊

(၄)     ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးလက်မှတ် ထောက်ခံချက် ပေးပိုင်ခွင့်ရှိသော ဆေးရုံ၊ဆေးခန်းတာဝန်ခံဆရာဝန်များထံမှကျန်းမာကြောင်းဆေးထောက်ခံချက်၊

(၅)     Covid-19 ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီးကြောင်း ထောက်ခံချက်နှင့် သင်တန်းသို့ သတင်းမပို့မီ(၇၂) နာရီအတွင်း Covid-19 ရောဂါပိုး စစ်ဆေးပြီး  ရောဂါပိုးမတွေ့ရှိကြောင်း ထောက်ခံချက်။

( ဂ )   အောက်ပါစရိတ်များကျခံရပါမည်-

(၁)     လစဉ်ဆံပင်ညှပ်ခ(သင်တန်းသား)၊

(၂)      ကသဆွဲပြား၊

(၃)     လိုင်စင်ဓာတ်ပုံကြေး၊

(၄)     ဒိုဘီခ

(၅)     ယူနီဖောင်းတံဆိပ်တပ်ခ

(ဃ)    အောက်ပါပစ္စည်းများထုတ်ပေးမည်ဖြစ်ပြီး သင်တန်းဆင်းပါက ပြန်လည်အပ်နှံရမည် ဖြစ်ပါသည် –

(၁)     ခုတင်

(၂)      မွေ့ရာ

(၃)     ခေါင်းအုံး (၁)လုံး

(၄)     စောင် (၁)ထည်

(၅)     ယူနီဖောင်း(၃)စုံ

(၆)     လျှာထိုးဦးထုပ် (၁)လုံး

(၇)     ခါးပတ် (၁)ခု

(၈)     တောစီးဖိနပ်(အနက်) (၁)ရန်

(၉)     ရှူးဖိနပ်(အနက်) (၁)ရန်

(၁၀)   ဘေးလွယ်အိတ်(၁)လုံး

(၁၁)   PT ဘောင်းဘီ (၁)ထည်

သင်တန်းမဖွင့်မီအစီအစဉ်

၅။      သင်တန်းမဖွင့်မီဆောင်ရွက်ရမည့် အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    ၇-၁၀၂၀၂၃ (စနေနေ့) ၀၉:၀၀ နာရီမှ ၁၁:၀၀ နာရီထိ

– အဆောင်ကြီးကြပ်အဖွဲ့က သင်တန်းကာလအတွင်း သင်တန်းသား/သူများ၏ နေထိုင်စားသောက်မှုစည်းကမ်း၊ စာသင်ဆောင်စည်းကမ်း၊ အိပ်ဆောင် စည်းကမ်းများအား ရှင်းလင်းခြင်း၊

၇-၁၀၂၀၂၃ (စနေနေ့) ၁၃:၀၀ နာရီမှ ၁၆:၀၀ နာရီထိ

  • သင်တန်းဝတ်စုံများ ထုတ်ပေးခြင်းနှင့် တက္ကသိုလ်ဈေးတန်းသို့ သင်တန်းသုံး

ပစ္စည်းများ ဝယ်ယူခြင်း။

( ခ )   ၈-၁၀၂၀၂၃ (တနင်္ဂနွေနေ့) ၀၉:၀၀ နာရီမှ ၁၁:၀၀ နာရီထိ 

– ကာကွယ်ရေးပညာဌာနမှ အဆောင်ခင်းကျင်းမှုနှင့် ဝတ်စားဆင်ယင်မှုစည်းကမ်း  များအား ရှင်းလင်းခြင်း၊

၈-၁၀၂၀၂၃ (တနင်္ဂနွေနေ့) ၁၃:၀၀ နာရီမှ ၁၆:၀၀ နာရီထိ

  • တက္ကသိုလ်ဆေးရုံတွင် ကျန်းမာရေးဆေးစစ်မှုခံယူခြင်း။

နေ့စဉ်အချိန်ဇယား

၆။      သင်တန်းကာလအတွင်း အောက်ဖော်ပြပါ အချိန်ဇယားအတိုင်း လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ကြရပါမည်-

(က)    ၀၅:၃၀                    နာရီ    နံနက်အိပ်ယာထချိန်။

( ခ )   ၀၆:၀၀ – ၀၆:၃၀        နာရီ    နံနက်ကိုယ်လက်ကြံ့ခိုင်ရေး။

( ဂ )   ၀၆:၃၀ – ၀၆:၅၀       နာရီ    နံနက်စောစာစားချိန်။

(ဃ)    ၀၇:၂၀                    နာရီ    တန်းစီ၊ လူစစ်၊ သစ္စာဆို။

( င )   ၀၈:၀၀ – ၁၁:၅၀        နာရီ    နံနက်ပိုင်းသင်တန်းချိန်များ။

( စ )   ၁၂:၀၀ – ၁၃:၀၀        နာရီ    နေ့လယ်စာစားချိန်။

(ဆ)    ၁၃:၀၀ – ၁၅:၅၀        နာရီ    နေ့လယ်ပိုင်းသင်တန်းချိန်များ။

( ဇ )   ၁၆:၃၀ – ၁၇:၀၀        နာရီ    ညနေပိုင်းကိုယ်လက်ကြံ့ခိုင်ရေး။

( ဈ )   ၁၇:၃၀ – ၁၈:၃၀       နာရီ    ညနေစာစားချိန်။

(ည)    ၁၈:၅၀                   နာရီ    တန်းစီ၊ လူစစ်၊ သစ္စာဆို။

( ဋ )   ၁၉:၀၀ – ၂၁:၀၀       နာရီ    ကိုယ်ပိုင်စာကြည့်ချိန်။

( ဌ )   ၂၁:၃၀                    နာရီ    အိပ်ချိန်(မီးအားလုံးမှိတ်)

ဝတ်စုံသတ်မှတ်ချက်

၇။      အောက်ပါ အတိုင်းဝတ်ဆင်ရမည် –

(က) သင်တန်းဝတ်စုံ။          သင်တန်းသား၊သင်တန်းသူများအားသင်တန်းဝတ်စုံ(၃)စုံကို

ထုတ်ပေးပါမည်။

(ခ) ကြံ့ခိုင်ရေးဝတ်စုံ          တီရှပ်(အဖြူ)၊PT Uniform ဘောင်းဘီရှည်၊     ကင်းဘတ်ဖိနပ် (အဖြူ)၊ ခြေအိတ်။       

(ဂ)      စားရိပ်သာ၌ ထမင်းစားချိန်တွင် အောက်ပါအတိုင်းဝတ်ဆင်ရမည်-

(၁) သင်တန်းသားများ။ လည်ကတုံးအင်္ကျီ(အဖြူ)၊ကော်လံပါသောအင်္ကျီ၊ပုဆိုးနှင့်                                                   ညှပ်ဖိနပ်။

(၂)       သင်တန်းသူများ။       မြန်မာအင်္ကျီလက်ရှည်/ လက်စက၊ ထဘီနှင့်ညှပ်ဖိနပ်။

(ဃ)     သင်တန်းချိန်ပြင်ပ တက္ကသိုလ်အပန်းဖြေနယ်မြေသို့ထွက်ခွာရာတွင်အောက်ပါအတိုင်း  ဝတ်ဆင်ရမည် –

(၁)     သင်တန်းသားများ။       တိုက်ပုံ(အဖြူ)၊ လည်ကတုံးအင်္ကျီအဖြူ၊ ပုဆိုးနှင့် ညှပ်ဖိနပ်။

(၂)      သင်တန်းသူများ။       ရင်ဖုံးအင်္ကျီလက်ရှည်/ လက်စက၊ ထဘီနှင့်ညှပ်ဖိနပ်။

(င)     သတ်မှတ်ဝတ်စုံများကိုဝတ်ဆင်ရာတွင် သင်တန်းသားစိစစ်ရေးကတ်ကို သင်တန်း ဝတ်စုံများ၌ လက်ယာဘက်ရင်အုံ ဒုတိယမြောက်ကြယ်သီး၏ တည့်တည့်တွင် တပ်ဆင်ရမည်ဖြစ်ပြီး၊ အရပ်ဝတ်ဖြင့်ဝတ်ဆင်ရာ၌ လည်ဆွဲကတ်ပြားများကို လည်ပင်း တွင် ချိတ်ဆွဲဝတ်ဆင်ရမည်ဖြစ်ပါသည်။

စည်းကမ်းများ

၈။      အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များကိုလိုက်နာဆောင်ရွက်ကြရပါမည် –

(က)    စာသင်ဆောင်စည်းကမ်း

(၁)     သတ်မှတ်ဝတ်စုံကိုဝတ်ဆင်ရမည်၊

(၂)      စာသင်ခန်းတွင် အချိန်မီနေရာယူပြီး ဖြစ်ရမည်၊

(၃)     သင်တန်းနှင့် မသက်ဆိုင်သည့်စာအုပ်၊ ပစ္စည်း၊ အစားအသောက်များကို ယူဆောင်ခွင့်မပြု၊

(၄)    လက်ကိုင်ဖုန်း၊ MP  3 ,    MP4 ,     Camera ,   Video   Camera တို့ကို စာသင်ကြား ချိန်အတွင်း အသုံးမပြုရ။

( ခ )   အိပ်ဆောင်စည်းကမ်း

(၁)     တစ်ယောက်အိပ်ခန်း(သို့) Hall Type များ စီစဉ်ပေးမည်ဖြစ်ပြီး သတ်မှတ် ပေးထားသော အိပ်ခန်း/အိပ်ဆောင်များတွင် စည်းကမ်းတကျနေထိုင်ရမည်၊

(၂)      အသုံးပြုရန် ထုတ်ပေးထားသော ပစ္စည်းများကို စနစ်တကျ ကိုင်တွယ် အသုံးပြုရမည်၊

(၃)     အိပ်ခန်း/အိပ်ဆောင်အတွင်းသို့ ဧည့်သည်များ ခေါ်ဆောင်ခြင်းမပြုရ၊

(၄)     အိပ်ခန်း/အိပ်ဆောင်အတွင်း/အပြင်ကို နေ့စဉ်သန့်ရှင်းရေး ပြုလုပ်ရမည်၊

(၅)     အိပ်ခန်း/အိပ်ဆောင်အတွင်း၌ ချက်ပြုတ်စားသောက်ခြင်းလုံးဝမပြုလုပ်ရ၊

(၆)     နိုင်ငံပိုင်ပစ္စည်းများကို မိမိကိုယ်ပိုင်ပစ္စည်းသဖွယ် ဂရုတစိုက်ရိုသေစွာ ကိုင်တွယ် အသုံးပြုကြရမည်။ မိမိကြောင့် နိုင်ငံပိုင်ပစ္စည်း တစ်စုံတစ်ရာ ပျက်စီး၊ ပျောက်ဆုံး ပါက ပစ္စည်းတန်ဖိုး၏ (၃)ဆကိုပေးလျော်ရမည်၊

( ဂ )  စားရိပ်သာစည်းကမ်း

(၁)      စည်းကမ်းတကျ စားသောက်ကြရမည်၊

(၂)      သတ်မှတ်ဝတ်စုံကိုဝတ်ဆင်ကြရမည်၊

(၃)     တာဝန်မှအပ စားရိပ်သာဝန်ထမ်းများနှင့် ဆက်သွယ်ခြင်း မပြုလုပ်ရ၊

(၄)     သတ်မှတ်ချိန်အတွင်းသာ စားသောက်ရမည်။

(ဃ)    စာကြည့်တိုက်စည်းကမ်း

(၁)     သင်တန်းချိန်ပြင်ပ ကိုယ်ပိုင်ချိန်များတွင် အသုံးပြုခွင့်ရှိသည်၊

(၂)      သတ်မှတ်ထားသောစည်းကမ်းအတိုင်း စာအုပ်စာတမ်းများကို ငှားရမ်းဖတ်ရှု

နိုင်သည်။

၉။      သင်တန်းသား၊ သင်တန်းသူအားလုံးတို့သည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ထုတ်ပြန်ထားသော သင်တန်းဝင်ညွှန်ကြားလွှာ၊ သင်တန်းသား၊ သင်တန်းသူများလိုက်နာရန် သင်တန်း ဆိုင်ရာ တည်မြဲအမိန့်၊ အခါအားလျော်စွာထုတ်ပြန်ထားသော ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရမည့်အပြင် အောက်ပါအချက်များကိုလည်း လိုက်နာရမည်-

(က)    နိုင်ငံတော်အစိုးရမှ သတ်မှတ်ထားသော ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ သီးခြားထုတ်ပြန်ထားသောအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်၊

( ခ)    နိုင်ငံရေးပါတီများနှင့်ပတ်သက်ဆက်နွယ်ခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းမပြုလုပ်ရ၊

( ဂ)    နိုင်ငံရေးပါတီတစ်ခုခု၏ အမှတ်တံဆိပ်ပါရှိသည့် အသုံးအဆောင်ပစ္စည်းများဝတ်ဆင်

အသုံးပြုခြင်း၊   နိုင်ငံတော်ကို ဆန့်ကျင်သည့်     အရေးအသားအပြောအဆိုများဖြင့်

လှုံ့ဆော်ခြင်း၊ အားပေးအားမြှောက်ပြုခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ရ၊

(ဃ)    သင်တန်းနှင့်ပတ်သက်သော အကြောင်းအရာများ၊ နိုင်ငံရေးနှင့်ပတ်သက်သော အကြာင်းအရာများကို လူမှုကွန်ယက်တွင် လွှင့်တင်ခြင်း၊ Like & Share ပြုလုပ်ခြင်း၊ Comment ရေးသားခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ရ။

တားမြစ်ချက်များ

၁၀။    သင်တန်းသို့ အောက်ပါပစ္စည်းများ ယူဆောင်မလာရန် တားမြစ်သည်-

(က)    လူကိုအန္တရာယ်ဖြစ်စေနိုင်သည့်ပစ္စည်းများနှင့်ထိခိုက်ရှနာဖြစ်စေတတ်သော ပစ္စည်းများ၊

(ခ )    အဖိုးတန်လက်ဝတ် ရတနာပစ္စည်းများနှင့် များပြားသော ငွေကြေးပမာဏ၊

(ဂ )    ရေဒီယို၊ ကက်ဆက်နှင့် တူရိယာပစ္စည်းများ၊

(ဃ)    စစ်တုရင်၊ ကျားခုံ ၊ ဇယ်တောက်ခုံ၊

(င )    မူးယစ်စေတတ်သောအဖျော်ယမကာများ၊ စိတ်ပြောင်းမူးယစ်ဆေးဝါးနှင့်

အကျုံး ဝင်သည့်ပစ္စည်းများ၊

(စ )    သင်တန်းနှင့် မသက်ဆိုင်သော ပစ္စည်းများ ( ဥပမာ- မော်တော်ကား၊ ဆိုင်ကယ်)၊

(ဆ)    မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်မလျော်ညီသော အမျိုးသား/ အမျိုးသမီးများ ဆံပင်ကို ဆေးရောင်စုံဆိုးခြင်း၊ အမျိုးသားများ နားကွင်း/ နားကပ်ပန်ခြင်း၊ အမျိုးသမီးများ နားပေါက်အများအပြားဖောက်၍ နားကပ်ပန်ခြင်း တို့ကိုခွင့်မပြုပါ၊

(ဇ)     တက္ကသိုလ်နယ်မြေအတွင်းတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မလျော်ညီသည့် သရုပ်ပျက် ဝတ်စားဆင်ယင်မှုများ၊ ပါတီနိုင်ငံရေးနှင့် ကင်းရှင်းမှုမရှိသည့် ရုပ်ပုံ/ အလံ/ တံဆိပ်/ စာသားများ ပါရှိသည့် အဝတ်အစားများ ဝတ်ဆင်ခြင်းမပြုရ။

အထွေထွေကိစ္စရပ်များ

၁၁။    အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်-

(က)    အိပ်ဆောင်များနှင့်  စားရိပ်သာများတွင်  စုပေါင်းနေထိုင်  စားသောက်ကြရမည်ဖြစ်ပြီး မည်သူ တစ်စုံတစ်ဦးကိုမှ သင်တန်းခန်း၊ သင်တန်းဆောင်များသို့ ခေါ်ဆောင်ခွင့်မပြုပါ၊

(ခ )      မိမိတို့နေထိုင်ရာ အဆောင်ဝန်း/ အဆောင်အတွင်း/အပြင် သန့်ရှင်းရေးကို နေ့စဉ်ဆောင်ရွက် ကြရမည်။

သင်တန်းပျက်ကွက်ခွင့်

၁၂။     သင်တန်းကာလအတွင်းကိုယ်ရေးကိုယ်တာ ကိစ္စများအတွက် သင်တန်းပျက်ကွက်ခွင့်ပြုမည် မဟုတ်ဘဲ   နာရေးကိစ္စနှင့်    အထောက်အထား ခိုင်လုံသောကိစ္စများကိုသာ စဉ်းစားမည်ဖြစ်သည်။

၁၃။   တစ်ဆင့်မြင့်ရာထူးအတွက်ပြည်ထောင်စုရာထူးဝန်အဖွဲ့(သို့မဟုတ်)သက်ဆိုင်ရာဝန်ကြီးဌာနမှ

ပြုလုပ်သော စာမေးပွဲများမှအပ မည်သည့်စာမေးပွဲကိုမျှဖြေဆိုခွင့်ပြုမည်မဟုတ်ပါ။

မိခင်ဌာနသို့ပြန်လည်စေလွှတ်ခြင်း

၁၄။    သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း အောက်ပါအချက်များနှင့်ငြိစွန်းပါက သင်တန်း တက်ရောက်ခြင်းမှ ရပ်စဲပြီး မိခင်ဌာန သို့ ပြန်လည်စေလွှတ်မည်ဖြစ်သည်-

(က) သင်တန်းဆိုင်ရာ စည်းကမ်းဖောက်ဖျက်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းနှင့် ရိုင်းပျစွာပြုမူ ဆက်ဆံခြင်း၊ သင်တန်းချိန် စုစုပေါင်း၏ (၁၀)%သင်တန်းပျက်ကွက်ခြင်း၊ ခွင့်မဲ့ ပျက်ကွက် စုစုပေါင်း (၇၂)နာရီပျက်ကွက်ခြင်း၊
( ခ ) သင်တန်းတက်ရောက်စဉ်ကာလအတွင်း CDM ဝန်ထမ်းများနှင့် သော်လည်းကောင်း၊ အစိုးရဆန့်ကျင်ဘက် မီဒီယာများနှင့်သော်လည်းကောင်း ချိတ်ဆက်၍ သင်တန်းဆိုင်ရာ အချက်အလက်များ၊ ဘာသာရပ်ဆိုင်ရာအချက်အလက်များ၊ တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ ပေးပို့ခြင်းမပြုရ၊ ပေးပို့ကြောင်း စုံစမ်းသိရှိပါက သင်တန်း တက်ရောက်ခြင်းမှရပ်စဲ၍ ဌာနဆိုင်ရာရေးယူ ဆောင်ရွက်နိုင်ရေး မိခင်ဌာနသို့ ပြန်လည်စေလွှတ်ခြင်းခံရမည်။

သက်သာချောင်ချိရေး

၁၄။    အောက်ပါအတိုင်း ဆောင်ရွက်ထားရှိပေးမည် ဖြစ်ပါသည် –

( က )  တက္ကသိုလ်တွင်းဈေးဆိုင်တန်း

(၁)     သတ်မှတ်ချိန်အတွင်းသွားနိုင်သည်၊

(၂)      သတ်မှတ်ဝတ်စုံကိုစနစ်တကျဝတ်ဆင်ရမည်၊

(၃)     တရားမဝင်ပစ္စည်းများ၊ ဆက်သွယ်မှာယူ/ စားသုံးခြင်း မပြုလုပ်ရ။

(ခ)     ဒိုဘီပေးခြင်း။        မိသားစုဒိုဘီများသို့ စျေးနှုန်းချိုသာစွာဖြင့် အပ်နှံနိုင်ရန် စီစဉ်

ပေးမည်။

ကျန်းမာရေး

၁၅။    အောက်ပါအတိုင်း ဆောင်ရွက်ပေးမည် ဖြစ်ပါသည်-

(က)    သင်တန်းကာလအတွင်း ကျန်းမာရေးချို့တဲ့ပါက တက္ကသိုလ်ဆေးရုံသို့ အဖော်(၁)ဦး လိုက်ပါ၍ တက္ကသိုလ်ဆေးရုံ တာဝန်ခံဆရာဝန်ထံ ပြသရမည်၊

( ခ )   အနားယူရန်လိုအပ်ပါက တက္ကသိုလ်ဆေးရုံ တာဝန်ခံဆရာဝန်က ဆေးနား (ဆေးအဆင့်-စီ) သတ်မှတ်ပေးမည်၊

( ဂ )   သင်တန်းချိန်အတွင်း ဆေးခန်းသွားခြင်း၊ ဆေးနားခံစားခြင်း၊ ဆေးစစ်ခံသွားရောက် ခြင်းများအား သင်တန်းပျက်ကွက်ချိန်အဖြစ် သတ်မှတ်မည်။

လောင်းကစားခြင်း၊ မူးယစ်စေတတ်သော အဖျော်ယမကာများ၊ မူးယစ်ဆေးဝါးနှင့် အကျုံးဝင်သည့် ပစ္စည်းများ သုံးစွဲခြင်း

၁၆။    အောက်ပါအချက်များကို လိုက်နာရမည်-

(က)    သင်တန်းကာလအတွင်း မည်သည့်လောင်းကစားခြင်းမျိုးကိုမျှ မပြုလုပ်ရ၊

( ခ )   မူးယစ်စေတတ်သော အဖျော်ယမကာများ၊ မူးယစ်ဆေးဝါးနှင့် အကျုံးဝင်သည့်

ပစ္စည်းများ သုံးစွဲခြင်း/ ယူဆောင်လာခြင်းလုံးဝ မပြုလုပ်ရ၊

( ဂ )   ဖောက်ဖျက်ကျူးလွန်ပါက သင်တန်းဆက်လက်တက်ရောက်ခြင်းမှရပ်စဲခြင်းခံရမည်။

တက္ကသိုလ်မှပြန်လည်ထွက်ခွာခြင်း

၁၇။    သင်တန်းပြီးဆုံး၍ တက္ကသိုလ်မှ ပြန်လည်ထွက်ခွာရာတွင် အောက်ပါအချက်များကို ဆောင်ရွက်ရပါမည်-

(က)    ထုတ်ပေး/ ငှားရမ်းထားသောပစ္စည်းများအား ပြန်လည်အပ်နှံပြီးဖြစ်ရမည်၊

( ခ )   ငွေကြေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြီး ဖြစ်ရမည်။

( ဂ )   မိမိအိပ်ခန်း/အိပ်ဆောင် အတွင်း/ အပြင် သန့်ရှင်းရေးဆောင်ရွက်ပြီး ဖြစ်ရမည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်