နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ နိုင်ငံရေးသိပ္ပံပညာဌာနသည် ၁၉၆၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ ဗဟိုပြည်သူ့ဝန်ထမ်းကျောင်း စတင်ဖွင့်လှစ်သည်မှစ၍ ပါဝင်ခဲ့သော ပညာဌာနတစ်ခု ဖြစ်ပါသည်။ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ် လျက်ရှိသော သင်တန်းအသီးသီး၌ နိုင်ငံတော်၏ မူဝါဒများနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များကို စဉ်ဆက်မပြတ် ခေတ်စနစ်နှင့်အညီ ဆွေးနွေးပို့ချလျက်ရှိသည့် ပညာဌာနတစ်ခုဖြစ်ပါသည်။ နိုင်ငံရေးသိပ္ပံပညာဌာနမှ ဘာသာရပ်များကို အလယ်အလတ်အဆင့်အရာထမ်းသင်တန်း၊အရာထမ်းလောင်း(အထူး)သင်တန်း၊ အရာထမ်းအခြေခံသင်တန်း၊ အရာထမ်းငယ်သင်တန်း၊ စာရေးဝန်ထမ်းကြီးကြပ်သင်တန်း၊ စာရေးဝန်းထမ်း သင်တန်းတို့တွင် ပို့ချပေးလျှက်ရှိပါသည်။  ၂၀၂၀ပြည့်နှစ် COVID 19 ကာလတွင် ဌာနအနေဖြင့် Online စနစ်ဖြင့် ပို့ချခဲ့ပါသည်။

ပြည်သူ့ရေးရာမူဝါဒနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကို အထောက်ကူပြုစေမည့် နိုင်ငံရေးအခြေခံ သဘောတရားနှင့် အသိပညာများဖြန့်ဝေသည့် အချက်အချာဌာနကြီးတစ်ခုအဖြစ် ဖြစ်ထွန်းပေါ်ပေါက် လာစေရန်။

  • နိုင်ငံ့ဝန်ထမ်းများအား ပြည်သူ့ရေးရာမူဝါဒနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကို ထိရောက်စွာ အထောက်အကူပြုနိုင်သည့် နိုင်ငံရေးအယူအဆနှင့် အသိပညာများကို ဖြန့်ဝေပေးရန်၊
  • နိုင်ငံ့ဝန်ထမ်းများတွင် ပြည်သူ့ဝန်ဆောင်မှုအခြေပြု သဘောထားခံယူချက်များ ဖြစ်ထွန်း ပေါ်ပေါက်ရေးအတွက် လိုအပ်သော နိုင်ငံရေးအသိပညာ၊ စွမ်းရည်နှင့်ခံယူချက်များကို မြှင့်တင် ပေးရန်၊
  • နိုင်ငံတော်အပေါ်သစ္စာရှိသော၊ ဘက်မလိုက်သော၊ ပါတီနိုင်ငံရေးကင်းရှင်းသော ကျွမ်းကျင်မှု အခြေပြု နိုင်ငံ့ဝန်ထမ်းများ ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် လိုအပ်သော နိုင်ငံရေးအသိပညာ နှင့် ခံယူချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် သင်တန်းတက်ရောက်ရန် ရောက်ရှိ လာသော သင်တန်းသူ၊ သင်တန်းသားများကို နိုင်ငံရေးသဘောသဘာဝနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များကို ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီသိရှိစေရန် အောက်ဖော်ပြပါရည်ရွယ်ချက်များဖြင့် ဆွေးနွေးပို့ချပေးခြင်း ဖြစ်ပါသည်-

  • (က) အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်သော အသိပညာဗဟုသုတနှင့် အတွေ့အကြုံကောင်းများ ရရှိစေရန်။
  • (ခ) ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားရေးအတွက် စဉ်ဆက်မပြတ် ထိန်းသိမ်း ဆောင်ရွက်နိုင်သော နည်းလမ်းများ သင်ယူရရှိစေရန်။
  • (ဂ) ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် တွေ့ကြုံရမည့် အခက်အခဲနှင့် အခွင့်အလမ်းများကို စုပေါင်းအဖြေရှာနိုင်ရေးအတွက် တာဝန်ယူ ဆောင်ရွက်ပေးနိုင်စေရန်။

နိုင်ငံရေးသိပ္ပံပညာဌာနရှိဆရာ၊ဆရာမများ

ဒေါ်ညွန့်ညွန့်ထွေး

တွဲဖက်ပါမောက္ခ

ဒေါ်ဆင့်ဆင့်ငြိမ်း

တွဲဖက်ပါမောက္ခ

ဒေါ်သင်းသင်းလဲ့

လက်ထောက်ကထိက

ဒေါ်မိုးသီတာမြင့်

လက်ထောက်ကထိက

ဒေါ်သင်းသင်းအောင်

လက်ထောက်ကထိက

ဒေါ်စုစုဝင်း

လက်‌ထောက်ကထိက

နိုင်ငံရေးသိပ္ပံ ဌာနမှအဓိကသင်ကြားပို့ချသည့်ဘာသာရပ်နှင့်ရည်ရွယ်ချက်များ

စဉ်

ဘာသာရပ်

ရည်ရွယ်ချက်

နိုင်ငံရေးသိပ္ပံပညာ

Political Science

(PS-5201)

 

  • အလယ်အလတ်အဆင့် အရာထမ်း နိုင်ငံဝန်ထမ်းများ အနေဖြင့် အခြေခံကျသော နိုင်ငံရေး အယူအဆများကို သိမြင်နားလည်မှု မှတဆင့် နိုင်ငံတော်၏ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ပြည်သူ့ ရေးရာ မူဝါဒ လုပ်ငန်းစဉ်များကို အထောက်ကူ ပြုနိုင်‌စေရန်၊
နိုင်ငံတကာဆက်ဆံရေး

International Relations

(PS-5202)

  • အလယ်အလတ်အဆင့် အရာထမ်း နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှ နိုင်ငံအချင်းချင်းကြား အပြန် အလှန် တုံ့ပြန်ဆက်ဆံမှု သဘောတရားများကိုသိမြင်နားလည်ရာ မှတဆင့် နိုင်ငံတကာနှင့်ဆက်သွယ်ဆောင်ရွက်သည့် လုပ်ငန်းစဉ် များအတွင်း အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေး ကူညီ ဆောင်ရွက်နိုင်စေရန်၊
ပထဝီဝင်နိုင်ငံရေး

Geopolitics

(PS-5203)

  • အလယ်အလတ်အဆင့် အရာထမ်း နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ပထဝီဝင်နိုင်ငံရေး၊ လူဦးရေးဖွံ့ဖြိုးမှုနှင့် ပထဝီဝင်စီးပွား‌ရေးတို့က နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံတကာ အငြင်းပွားမှုများအပေါ် မည်သို့ သက်ရောက်မှုရှိသည်ကို သိရှိနားလည်၍ နိုင်ငံတော်၏ မူဝါဒရေးရာ ကိစ္စများအပေါ် ကောင်းစွာကူညီ ဆောင်ရွက်နိုင်ရန်၊
ဖက်ဒရယ်စနစ်

Federalism

(PS-5204)

  • အလယ်အလတ်အဆင့်အရာထမ်း နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ဖက်ဒရယ် စနစ်၏ သဘောတရားကို ပဋိပက္ခဖြေရှင်းရေး ကိရိယာအဖြစ် အသုံးချနိုင်ရေး ကူညီဆောင်ရွက်နိုင်ရန်၊

စဉ်

ဘာသာရပ်

ရည်ရွယ်ချက်

နိုင်ငံရေးသိပ္ပံနိဒါန်း

Introduction to Political Science

(PS-5101)

  • အရာထမ်းနိုင်ငံ့ဝန်ထမ်းများအား ယင်းတို့ဆောင်ရွက်ရမည့် ပြည်သူ့ ရေးရာ စီမံခန့်ခွဲရေး လုပ်ငန်းစဉ် များကို အထောက်အကူပြုသော နိုင်ငံရေးအခြေခံ သဘောတရားများကို သိရှိနားလည်စေရန်၊
ဖက်ဒရယ်စနစ်

Federalism

(PS-5102)

 

  • အရာထမ်းနိုင်ငံဝန်ထမ်းများအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များကို အထောက်အကူ ပြုသည့် ဖက်ဒရယ်အခြေခံသဘောတရားများကို ပိုမိုကောင်းမွန်စွာ သိရှိနားလည်‌နိုင်‌‌စေရန်၊
နိုင်ငံရေးဖွဲ့စည်းမှုအခြေခံ သဘောတရားများ

Elements of Political Institutions

(PS-5103)

  • အရာထမ်းနိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များကို အထောက်အကူ ပြုသည့် နိုင်ငံရေးအဖွဲ့အစည်းများ၏ စုဖွဲ့မှုအခြေခံသဘောတရား များကို စနစ်တကျ နားလည်သဘောပေါက်စေရန်၊
နိုင်ငံတကာဆက်ဆံရေး

International Relations

(PS-5104)

  • အရာထမ်းနိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ အမျိုးသား အကျိုး စီးပွား ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေသော နိုင်ငံတကာ ဆက်ဆံရေး အခြေခံသဘောတရား များကို ကောင်းစွာနားလည်စေရန်၊
ပထဝီဝင်နိုင်ငံရေး

Geopolitics

(PS-5105)

  • အရာထမ်းနိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပထဝီဝင်နိုင်ငံရေးသည် နိုင်ငံတော် ၏ မူဝါဒရေးရာ ကိစ္စရပ်များအပေါ် မည်သို့ သက်ရောက်မှုရှိသည်ကို နားလည်သဘောပေါက်စေရန်၊

စဉ်

ဘာသာရပ်

ရည်ရွယ်ချက်

နိုင်ငံရေးအခြေခံ သဘောတရားများနှင့်ကမ္ဘာ့နိုင်ငံရေးအတွေး အခေါ်များ

Basic Concept of Political Science and World Political Thoughts

  • နိုင်ငံ‌ရေးအသိကို အခြေခံ၍ နိုင်ငံတော်၏ လက်ရှိ ဖြစ်ပေါ် တိုးတက်မှုများနှင့် ထင်ဟပ်သုံးသပ်နိုင်စွမ်း ကိုမြှင့်တင်နိုင်ရန်၊
  • ခေတ်အလိုက် ပြောင်းလဲတိုးတက်လာသော ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များကို စနစ်တကျလေ့လာ၍ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် လမ်းညွှန် သဘောတရားအဖြစ် အသုံးပြုနိုင်ရန်၊
ပထဝီဝင်နိုင်ငံရေး

Geopolitics

  • နိုင်ငံရေးအပေါ်တွင် ပထဝီဝင်နိုင်ငံရေး၏ သက်ရောက်မှုနှင့် ၎င်းတို့၏ အကျိုးဆက်များကို အကဲဖြတ်၍ ရရှိလာသော အသိပညာများကို မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် ပြန်လည်အသုံး ပြုနိုင်စေရန်၊
နိုင်ငံတကာဆက်ဆံရေး

International Relations

  • နိုင်ငံတကာဆက်ဆံရေးတွင် သက်ဆိုင်ရာ နိုင်ငံ အသီးသီးအတွက် အမျိုးသားအကျိုးစီးပွား မည်မျှ အရေးပါကြောင်းကို နားလည်စေရန်၊

 

ပြည်သူ့ရေးရာရေးမူဝါဒ

Public Policy

  • ပြည်သူ့ရေးရာမူဝါဒ၏ အဓိပ္ပါယ်ကို သိရှိနားလည်ပြီး ပြည်သူ့ရေးရာ မူဝါဒ ချမှတ်ရသည့် ရည်ရွယ်ချက်ကို နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နားလည်သဘောပေါက်ကာ နိုင်ငံတော်မှ ချမှတ် ပေးအပ်ထားသော ပြည်သူ့ရေးရာမူဝါဒကို မှန်ကန်သောအမြင်ဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။
မျက်မှောက်ခေတ်နိုင်ငံတော်ဖွဲ့စည်းမှုပုံစံများ

Modern Political Constitutions

  • အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ ဖြစ်သော ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို ကျင့်သုံးပိုင်ခွင့်ရှိသော အာဏာပိုင်အဖွဲ့များ ဖွဲ့စည်းရာတွင် မည်ကဲ့သို့ဖွဲ့စည်း တည်ဆောက်သည်ကို သိရှိ နားလည်စေရန်၊

 

စဉ်

ဘာသာရပ်

ရည်ရွယ်ချက်

နိုင်ငံရေးအခြေခံ သဘောတရားများနှင့်ကမ္ဘာ့နိုင်ငံရေးအတွေး အခေါ်များ

Basic Concept of Political Science and World Political Thoughts

  • နိုင်ငံ‌ရေးအသိကို အခြေခံ၍ နိုင်ငံတော်၏ လက်ရှိ ဖြစ်ပေါ် တိုးတက်မှုများနှင့် ထင်ဟပ်သုံးသပ်နိုင်စွမ်း ကိုမြှင့်တင်နိုင်ရန်၊
  • ခေတ်အလိုက် ပြောင်းလဲတိုးတက်လာသော ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များကို စနစ်တကျလေ့လာ၍ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် လမ်းညွှန် သဘောတရားအဖြစ် အသုံးပြုနိုင်ရန်၊
မျက်မှောက်ခေတ်နိုင်ငံတော်ဖွဲ့စည်းမှုပုံစံများ

Modern Political Constitutions

  • အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ ဖြစ်သော ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ တို့ကို ကျင့်သုံးပိုင်ခွင့်ရှိသော အာဏာပိုင်အဖွဲ့များ ဖွဲ့စည်းရာတွင် မည်ကဲ့သို့ဖွဲ့စည်း တည်ဆောက်သည်ကို သိရှိ နားလည်စေရန်၊
မျက်မှောက်ခေတ် နိုင်ငံတကာရေးရာများ

International Current Affairs

  • မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲများအပေါ် အကြောင်းအကျိုး ဆက်စပ်၍ သုံးသပ်နိုင်သည့် အခြေခံအသိအမြင်များဖြစ်ပေါ်တိုးတက်လာစေရန်
ပြည်သူ့ရေးရာမူဝါဒ

Public Policy

  • ပြည်သူ့ရေးရာမူဝါဒ၏ အဓိပ္ပါယ်ကို သိရှိနားလည်ပြီး ပြည်သူ့ရေးရာ မူဝါဒ ချမှတ်ရသည့် ရည်ရွယ်ချက်ကို နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နားလည်သဘောပေါက်ကာ နိုင်ငံတော်မှ ချမှတ် ပေးအပ်ထားသော ပြည်သူ့ရေးရာမူဝါဒကို မှန်ကန်သောအမြင်ဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။

 

ပြည်ထောင်စုစိတ်ဓာတ် နှင့် တိုင်းရင်းသား လူမျိုး များ၏ဓလေ့ထုံးစံများ

Union Spirit and Traditions of Ethnics People

  • နိုင်ငံတော်၏ရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ် တစ်ရပ် တည်ဆောက်ရာတွင် မိမိတို့ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းဆောင်ရွက်ကြရန်။

 

စဉ် ဘာသာရပ်

ရည်ရွယ်ချက်

နိုင်ငံရေးအခြေခံ သဘောတရားများနှင့်ကမ္ဘာ့နိုင်ငံရေးအတွေး အခေါ်များ

Basic Concept of Political Science and World Political Thoughts

  • နိုင်ငံ‌ရေးအသိကို အခြေခံ၍ နိုင်ငံတော်၏ လက်ရှိ ဖြစ်ပေါ် တိုးတက်မှုများနှင့် ထင်ဟပ်သုံးသပ်နိုင်စွမ်း ကိုမြှင့်တင်နိုင်ရန်၊
  • ခေတ်အလိုက် ပြောင်းလဲတိုးတက်လာသော ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များကို စနစ်တကျလေ့လာ၍ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် လမ်းညွှန် သဘောတရားအဖြစ် အသုံးပြုနိုင်ရန်၊
ပြည်သူ့ရေးရာမူဝါဒ

Public Policy

  • ပြည်သူ့ရေးရာမူဝါဒ၏ အဓိပ္ပါယ်ကို သိရှိနားလည်ပြီး ပြည်သူ့ရေးရာ မူဝါဒ ချမှတ်ရသည့် ရည်ရွယ်ချက်ကို နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နားလည်သဘောပေါက်ကာ နိုင်ငံတော်မှ ချမှတ် ပေးအပ်ထားသော ပြည်သူ့ရေးရာမူဝါဒကို မှန်ကန်သောအမြင်ဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။
ပြည်ထောင်စုစိတ်ဓာတ် နှင့် တိုင်းရင်းသား လူမျိုး များ၏ ဓလေ့ထုံးစံများ

Union Spirit and Traditions of Ethnics People

  • နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ်တစ်ရပ် တည်ဆောင်ရာတွင် မိမိတို့ကျရာအခန်း ကဏ္ဍမှ ဝိုင်းဝန်းဆောင်ရွက်ကြရန်၊
မျက်မှောက်ခေတ်နိုင်ငံတော်ဖွဲ့စည်းမှုပုံစံများ

Modern Political Constitutions

  • အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သော ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ တို့ကို ကျင့်သုံးပိုင်ခွင့်ရှိသော အာဏာပိုင်အဖွဲ့များ ဖွဲ့စည်းရာတွင် မည်ကဲ့သို့ဖွဲ့စည်း တည်ဆောက်သည်ကို သိရှိ နားလည်စေရန်၊

 

မျက်မှောက်ခေတ် နိုင်ငံတကာရေးရာများ

International Current Affairs

  • မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲများအပေါ် အကြောင်းအကျိုး ဆက်စပ်၍ သုံးသပ်နိုင်သည့် အခြေခံအသိအမြင်များဖြစ်ပေါ်တိုးတက်လာစေရန်
စဉ် ဘာသာရပ်

ရည်ရွယ်ချက်

နိုင်ငံရေးအခြေခံ သဘောတရားများနှင့်ကမ္ဘာ့နိုင်ငံရေးအတွေး အခေါ်များ

Basic Concept of Political Science and World Political Thoughts

  • နိုင်ငံ‌ရေးအသိကို အခြေခံ၍ နိုင်ငံတော်၏ လက်ရှိ ဖြစ်ပေါ် တိုးတက်မှုများနှင့် ထင်ဟပ်သုံးသပ်နိုင်စွမ်း ကိုမြှင့်တင်နိုင်ရန်၊
  • ခေတ်အလိုက် ပြောင်းလဲတိုးတက်လာသော ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များကို စနစ်တကျလေ့လာ၍ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် လမ်းညွှန် သဘောတရားအဖြစ် အသုံးပြုနိုင်ရန်၊
ပြည်ထောင်စုစိတ်ဓာတ် နှင့် တိုင်းရင်းသားလူမျိုး များ၏ ဓလေ့ထုံးစံများ

Union Spirit and Traditions of Ethnics People

  • နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ်တစ်ရပ် တည်ဆောင်ရာတွင် မိမိတို့ကျရာအခန်း ကဏ္ဍမှ ဝိုင်းဝန်းဆောင်ရွက်ကြရန်၊
မျက်မှောက်ခေတ်နိုင်ငံတော်ဖွဲ့စည်းမှုပုံစံများ

Modern Political Constitutions

  • အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ ဖြစ်သော ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ တို့ကို ကျင့်သုံးပိုင်ခွင့်ရှိသော အာဏာပိုင်အဖွဲ့များ ဖွဲ့စည်းရာတွင် မည်ကဲ့သို့ဖွဲ့စည်း တည်ဆောက်သည်ကို သိရှိ နားလည်စေရန်၊
မျက်မှောက်ခေတ် နိုင်ငံတကာရေးရာများ

International Current Affairs

  • မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲများအပေါ် အကြောင်းအကျိုး ဆက်စပ်၍ သုံးသပ်နိုင်သည့် အခြေခံအသိအမြင်များဖြစ်ပေါ်တိုးတက်လာစေရန်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်