သင်တန်းရေးရာဌာနသည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ၏ လေ့ကျင့်သင်ကြားရေး ဆိုင်ရာ လုပ်ငန်းများအားလုံးကို အဆင်ပြေချောမွေ့စွာနှင့် အောင်မြင်စွာ ဆောင်ရွက်ပေးရသည့်ဌာနကြီး ဖြစ်ပါသည်။

၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်ကျင်းပသော အစိုးရအဖွဲ့၊ အစည်းအဝေးအမှတ်စဉ် (၄/၉၇)အရ  နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံအရ သင်တန်းရေးရာဌာနသည် စီမံခန့်ခွဲရေးဌာနကြီး၏အောက်တွင် ဖွဲ့စည်း ထားရှိခဲ့ပြီး သင်တန်းရေးရာကိစ္စရပ်များအပြင်   ထောက်ပံ့ရေးဌာနစု၊ ရိပ်သာဌာနစု၊ စိုက်ပျိုးရေးဌာနစု နှင့်မွေးမြူရေးဌာနစုတို့၏ လုပ်ငန်းတာဝန်များကိုလည်း တာဝန်ယူဆောင်ရွက်ခဲ့ရပါသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့၊     အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၆) ၏ သဘောတူချက်အရ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ၏ ဖွဲ့စည်းပုံကိုပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းပုံအသစ်အရ သင်တန်းရေးရာ ဌာနသည် ကျောင်းအုပ်ကြီး/ ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)၏ အောက်သို့ရောက်ရှိခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစတင်၍ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)အဖြစ်မှ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)ဟု အမည်ပြောင်းလဲခဲ့ပြီး သင်တန်းရေးရာဌာနသည် ဒုတိယ ပါမောက္ခချုပ်(စီမံခန့်ခွဲရေး) အောက်သို့ရောက်ရှိခဲ့ပြီး  လေ့ကျင့်သင်ကြားရေးဆိုင်ရာလုပ်ငန်းများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ဖွင့်လှစ်မည့် သင်တန်းများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ အောင်မြင်စေရန် ဆောင်ရွက်လျက်ရှိပါသည်။

သင်တန်းရေးရာဌာနအား  အောက်ပါဌာနခွဲ (၆) ခုဖြင့် ဖွဲ့စည်းထားရှိပြီး လေ့ကျင့်သင်ကြားရေး ဆိုင်ရာလုပ်ငန်းများအောင်မြင်စေရန် ဆောင်ရွက်လျက်ရှိပါသည်-

(၁)     ကျောင်းဆောင်ရေးရာဌာနစု၊

(၂)     ကျောင်းသားရေးရာဌာနစု၊

(၃)      စာမေးပွဲနှင့်ဘွဲ့နှင်းဌာနစု၊

(၄)      တက္ကသိုလ်ပုံနှိပ်တိုက်၊

(၅)     တက္ကသိုလ်စာကြည့်တိုက်နှင့်

(၆)     အားကစားဌာနစု တို့ဖြစ်ပါသည်။

ဌာနအင်အား

ဒေါ်နွယ်နွယ်ရီ

ဌာနကြီးမှူး (သင်တန်းရေးရာ)

ဦးလှစိုး

ဌာနမှူး(သင်တန်းရေးရာ)

မော်ကွန်းထိန်း(သင်တန်းရေးရာ)

ဒေါ်ခင်ချိုဦး

မော်ကွန်းထိန်း(စာမေးပွဲနှင့်ဘွဲ့နှင်း)

ဒေါ်အေးမြင့်ခိုင်

စာကြည့်တိုက်မှူး

ဒေါ်စုစုလှိုင်

ဌာနစုမှူး

ဒေါ်စန်းစန်နွဲ့

အားကစားမှူး

ဒေါ်မေသူ

လ/ထမော်ကွန်းထိန်း

ဒေါ်မိုးမိုးခိုင်

လ/ထ မော်ကွန်းထိန်း

ဒေါ်ဥမ္မာမြင့်

ဌာနစုမှူး

နော်ဝါးဘလုမှူး

ဌာနစုမှူး

ဒေါ်နီလာဝင်း

လ/ထစာကြည့်တိုက်မှူး

ဦးလှရှိန်

ဌာနစုမှူး

‌ဒေါ်အေးအေးသန့်

ဌာနစုမှူး

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်