ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ကို ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့တွင် ဗဟိုပြည်သူ့ဝန်ထမ်းကျောင်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၇၇ ခုနှစ်၊ မေလ(၇) ရက်နေ့မှစတင်၍ ဗဟိုဝန်ထမ်းတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ခဲ့ပါသည်။ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)သည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မြောက်ပိုင်းလှည်းကူးမြို့မှ (၁၈)မိုင်အကွာ၊ ရန်ကုန်မြို့မှမိုင်(၅၀)အကွာ ခန့်မှန်းမြေပုံအညွှန်း KV-015893 အရပ်ရှိ ဖောင်ကြီးကျေးရွာအနီးတွင်တည်ရှိပြီး လက်ရှိတွင် ၂၅၄၉-၃၉ ဧက အကျယ်အဝန်းရှိပါသည်။

မြန်မာနိုင်ငံရှိ နိုင်ငံ့ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် အဓိကဌာနကြီး (၂)ခု ရှိပါသည်။ ၎င်းတို့မှာ စီမံအုပ်ချုပ်မှုဌာနကြီးနှင့် လေ့ကျင့်ရေးဌာနကြီးတို့ဖြစ်ပါသည်။ ဤဌာနကြီး (၂) ရပ်လုံးအားပါမောက္ခချုပ်မှ ဦးဆောင်ပါသည်။ စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်း များကို ဒုတိယပါမောက္ခချုပ်(စီမံ)၏ ဦးဆောင်မှုဖြင့် လည်းကောင်း၊ လေ့ကျင့်ရေးဆိုင်ရာလုပ်ငန်းများကို ကျောင်းအုပ်ကြီး/ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၏ ဦးဆောင်မှုဖြင့်လည်းကောင်း လည်ပတ်ဆောင်ရွက်လျက်ရှိပါသည်။

လေ့ကျင့်ရေးဌာနကြီးအောက်တွင် ပညာရေးနှင့်လေ့ကျင့်ရေးဌာန၊ သင်တန်းရေးရာဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနများရှိပါသည်။ တက္ကသိုလ်၏မူလဖွဲ့စည်းပုံအရ ပညာရေးနှင့်လေ့ကျင့်ရေးဌာနသည် ပညာဌာန(၆)ခုဖြစ်သည့် စီမံခန့်ခွဲမှုပညာဌာန၊ စီးပွားရေးပညာဌာန၊ နိုင်ငံရေးသိပ္ပံပညာဌာန၊ လူမှုရေးသိပ္ပံပညာဌာ ၊ ဥပဒေပညာဌာန နှင့်စစ်ပညာဌာနတို့နှင့် စပ်လျဉ်း၍ ခေတ်နှင့်အညီထိရောက်၍ စွမ်းရည်ပြည့်ဝသည့် သင်တန်းများဖွင့်လှစ် ပို့ချပေးနိုင်စေရန် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိရာမှ ၂၀၁၆ခုနှစ်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၏ ဖွဲ့စည်းပုံကို ထိရောက်သည့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေမည့် သင်တန်းများ ဖွင့်လျစ်ပို့ချပေးရန် ရည်ရွယ်၍ တိုးချဲ့ဖွဲ့စည်းခဲ့ပါသည််။ လေ့ကျင့်သင်ကြားမှုနည်းလမ်းကို လည်းယခင် Semi-regimental လေ့ကျင့် သင်ကြားမှုနည်းလမ်းမှ ပညာရေးနှင့် ကျွမ်းကျင်မှု အခြေပြုလေ့ကျင့်သင်ကြားရေး နည်းလမ်းသို့ ပြောင်းလဲ ကျင့်သုံးခဲ့ပြီး၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်သူ့ဝန်ထမ်း အကယ်ဒမီကိုလည်း တည်ထောင်ခဲ့ပါသည်။

ယခုလက်ရှိတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ၊ပြည်သူ့ဝန်ထမ်းအကယ်ဒမီဌာနကြီးအောက်တွင် ပညာဌာန(၈)ခု ဖွဲ့စည်းထား ရှိပြီး စီမံခန့်ခွဲမှုပညာဌာန၊ စီးပွားရေးပညာဌာန၊ အင်္ဂလိပ်ဘာသာပညာဌာန၊ လူမှုရေးသိပ္ပံပညာဌာန၊ ဥပဒေပညာဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာန၊ နိုင်ငံရေးသိပ္ပံပညာဌာနနှင့် ကာကွယ်ရေးပညာဌာနတို့ ပါဝင်ပါသည်။ သို့ဖြစ်၍ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရှိပညာရေးနှင့်လေ့ကျင့်ရေးဌာနသည် သင်ခန်းစာများပို့ချခြင်းနှင့် သင်တန်းတစ်ခုခြင်းစီ၏ သင်ရိုးညွှန်းတမ်းများ၊ သင်ရိုးမာတိကာများကို ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဆန်းသစ်တီထွင်ခြင်း အစရှိသည့်လေ့ကျင့်ရေးဆိုင်ရာ လုပ်ငန်းများကို ဘာသာရပ်ဆိုင်ရာ ပညာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ၊ ပညာရေးနှင့်လေ့ကျင့်ရေးဌာန ၏ မျှော်မှန်းချက်မှာ-အသိပညာဗဟုသုတနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုများ ရရှိစေမည့် အရည်အသွေးပြည့်ဝ၍ ထိရောက်သော သင်တန်းများပေးခြင်းဖြင့် ကျင့်ဝတ်သိက္ခာနှင့်ညီသော၊ အရည်အချင်းပြည့်ဝသော ၊ပြည်သူတို့၏ လိုအပ်ချက် များကို မဆိုင်းမတွတုန့်ပြန်ဖြည့်ဆည်းပေးနိုင်သော နိုင်ငံ့ဝန်ထမ်းများလေ့ကျင့်ပျိုးထောင် မွေးထုတ်ပေးနိုင်ရန် ဖြစ်ပါသည်။

ပညာရေးနှင့်လေ့ကျင့်ရေးဌာန၏တာဝန်ဝတ္တရားများမှာ-

  • ပြည်ထောင်စုရာထူးဝန်အဖွဲ့က ချမှတ်သည့် နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေးမူဝါဒများကိုထိရောက်၊ အကျိုးရှိစွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်
  • ပိုမိုထိရောက်ကောင်းမွန်သည့် သင်တန်းအစီအစဉ်များဖွံ့ဖြိုးတိုးတက်စေရန်
  • သင်တန်းတစ်ခုချင်းစီ၏ သင်ခန်းစာပို့ချမှုများ၊ သင်ရိုးညွှန်းတမ်းများနှင့်သင်ရိုးမာတိကာများကို ပြည်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်းနှင့်ဆန်းသစ်တီထွင်ခြင်းများကိုပြုလုပ်ရန်
  • သင်တန်းသူ/သင်တန်းသားများ၏အသင်းအဖွဲ့နှင့် ဆောင်ရွက်မှုအရည်အသွေးနှင့်ပေါင်းသင်းဆက်ဆံ မှုအရည်အသွေးများမြင့်မားစေနိုင်မည့်သင်ကြားပို့ချမှုနည်းလမ်းများချမှတ်ရန်
  • e-Learning စနစ်အားအကောင်အထည်ဖော်ဆောင်ရွက်ရန်
  • အသိပညာခေတ်နှင့်လျှော်ညီစွာ သင်ကြားရေး ဆရာ/ဆရာမများ၏အရည်အသွေးဖွံ့ဖြိုးတိုးတက်ရေးသင်တန်းအစီအစဉ်များအထောက်အကူပြုဖွင့်လှစ်ပေးရန်
  • နိုင်ငံ့ဝန်ထမ်းများ၏ကျွမ်းကျင်မှုနှင့်အရည်အသွေးမြင့်မားလာစေမည့်သင်တန်းအစီအစဉ်များ ပြင်ဆင်ဆောင်ရွက်ရန် တို့ဖြစ်ပါသည််။

ပညာရေးနှင့်လေ့ကျင့်ရေးဌာနရှိအရာထမ်းများ

ဒေါ်ကေသီမိုး

ဌာနကြီးမှူး (ပညာရေးနှင့်လေ့ကျင့်ရေး)

ဒေါ်နုနုကြည်

ဌာနမှူး (ပညာရေးနှင့်လေ့ကျင့်ရေး)

ဒေါ်ခင်ဝင်း

ဌာနခွဲမှူး (ပညာရေးနှင့်လေ့ကျင့်ရေး)

ဒေါ်တင်တင်ဝင်း

ဌာနစုမှူး

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်