Courses

All ပုံမှန်သင်တန်းများ

(၁၀) တက္ကသိုလ်၊ကောလိပ် ဆရာ၊ဆရာမများအထူးမွမ်းမံသင်တန်း

ပြည်ထောင်‌စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (‌အောက်မြန်မာပြည်) တက္ကသိုလ်၊ကောလိပ်ဆရာ၊ဆရာမများအထူးမွမ်းမံ သင်တန်းအမှတ်စဉ်(၂၆) သင်တန်းဝင်ညွှန်ကြားလွှာ တည်‌နေရာ၊ သင်တန်းကာလနှင့် သတင်းပို့ရမည့်‌နေ့ ၁။      တက္ကသိုလ်/ကောလိပ်ဆရာ၊ဆရာမများ၊အထူးမွမ်းမံသင်တန်း၊ အမှတ်စဉ်(၂၆)ကို ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ(၉)ရက်နေ့မှ နိုဝင်ဘာလ(၁၀) ရက်နေ့ထိ ရက်သတ္တ(၅)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတက်‌ရောက်ရမည့်သူများသည် ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ(၆)ရက်‌နေ့ မွန်းလွဲပိုင်း (၁၈:၀၀) နာရီ နောက်ဆုံးထား၍ ရောက်ရှိ သတင်းပို့ကြရမည်။ ရည်ရွယ်ချက် ၂။       တက္ကသိုလ်/ကောလိပ်များရှိ သင်ကြားရေး ဆရာ၊ ဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်းပိုမို ကောင်းမွန်လာစေရန်၊ အဆင့်မြင့်ပညာရေးနှင့်စပ်လျဉ်းသော ဗဟုသုတများ၊ နိုင်ငံ့ဝန်ထမ်းနှင့် သက်ဆိုင် သော ဗဟုသုတနှင့်အတွေ့အကြုံများ တိုးပွားလာစေရန်၊ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု ပိုမိုရရှိစေရန်၊ ယုံကြည်ချက်၊ ခံယူချက်၊ [...]