သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနသည် ၁၉၆၅ ခုနှစ် ဗဟိုပြည်သူ့ဝန်ထမ်းကျောင်း စတင် တည်ထောင်စဉ်က မပါခဲ့သော်လည်း ၁၉၇၇ ခုနှစ် တက္ကသိုလ်သို့တိုးမြှင့်ခဲ့သည့် အချိန်မှစ၍ သင်ကြားရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ တက္ကသိုလ်၏ ဖွဲ့စည်းပုံ ဇယားတွင် ဌာနတစ်ခုအနေဖြင့်  ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာနတွင် ဌာနကြီးမှူး(သုတေသနနှင့်ဖွံ့ဖြိုးမှု)၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနနှင့် ICT သင်ကြား၊ သင်ယူမှုဌာန ဟူ၍ ဌာန(၂)ဌာနဖြင့် ဖွဲ့စည်းထားပါသည်။ အဓိကလုပ်ငန်း ဆောင်ရွက်ချက်များမှာ သင်တန်းသား၊ သင်တန်းသူများထံမှ ဘာသာရပ်အကဲဖြတ်နှင့် သင်တန်းအကဲဖြတ်များ ကောက်ယူစိစစ်ခြင်း၊ e-Government  အကောင်အထည်ဖော်ရာတွင် အထောက်အကူပေးခြင်းနှင့် g-ERP module, e-Assessment နှင့်  e-learning စသည့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် လိုအပ်သည့် နည်းပညာဆိုင်ရာ အထောက်အပံ့များပေးခြင်းတို့ဖြစ်ပါသည်။

သင်တန်းသူ၊ သင်တန်းသားများထံမှ ဘာသာရပ် ပို့ချဆရာနှင့် သင်ထောက်ကူပစ္စည်းများ စသည်တို့အပေါ် သုံးသပ်အကြံပြုချက်များကောက်ယူစိစစ်ခြင်းနှင့် နည်းပညာဆိုင်ရာ ပစ္စည်းများအား ထိန်းသိမ်းဖြည့်ဆည်းပေးခြင်းတို့ကိုဆောင်ရွက်ပေးခြင်းဖြင့် တက္ကသိုလ်၏ ရည်မှန်းချက်အောင်မြင် အောင် ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန်

e-Government  အကောင်အထည်ဖော်ဆောင်ရွက်ချက်များ လုံခြုံမှုရှိစေရန်နှင့် လုပ်ငန်း ချောမွေ့စွာ လည်ပတ်နိုင်စေရန်
သင်ကြားရေးကို အထောက်အကူဖြစ်စေမည့် ICT နည်းပညာဆိုင်ရာ အထောက်အကူ ပစ္စည်းများကို ဖြည့်ဆည်းပေးရန်နှင့် စနစ်တကျထိန်းသိမ်းထားရန်
နိုင်ငံတကာ ဆက်ဆံရေးနှင့် ပတ်သက်သော လုပ်ငန်းကိစ္စအရပ်ရပ်တို့အား စနစ်တကျ မှတ်တမ်းထားပြီး သုတေသနပြု စိစစ်သုံးသပ်တင်ပြနိုင်ရေး ဆောင်ရွက်ရန်
သင်တန်းသား၊ သင်တန်းသူများထံမှ ဘာသာရပ်၊ ပို့ချဆရာများနှင့် ပတ်သက်သည့် အကြံပြု သုံးသပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ကောက်ယူစုဆောင်းရန်

ဌာနအင်အား

ဒေါ်မိုးမိုးမာ

ဌာနကြီးမှူး (သုတေသနနှင့်ဖွံ့ဖြိုးမှု)

ဉီးနောင်နောင်အောင်

ဌာနခွဲမှူး(နည်းပညာ)

ဒေါ်နန်းယုဆွေ

ဌာနခွဲမှူး(နိုင်ငံတကာဆက်ဆံရေး)

ဒေါ်လှမြတ်သူဇာ

သုတေသနမှူး

ဒေါ်နွယ်မာလာဝင်း

လက်ထောက်မန်နေဂျာ(စနစ်)

ဒေါ်နန္ဒာအောင်

လက်ထောက်မန်နေဂျာ(စနစ်)

ဒေါ်ညိုညိုဝင်း

ဌာနစုမှူး

ဒေါ်လှမွန်

သုတေသနအရာရှိ

ဦးကျော်ထင်

သုတေသနအရာရှိ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်