ASEAN Network of Public Service Training Institute (PSTI)၏အဖွဲ့ဝင် အဖြစ်ပါဝင် ဆောင်ရွက်ခြင်း

၁။ ရည်ရွယ်ချက် (purpose)

ASEAN Network of Public Service Training Institute (PSTI) သည် ဖိလစ်ပိုင်နိုင်ငံ၊မနီလာမြို့တွင် (၂.၁၁.၂၀၁၇)ရက်နေ့၌ ကျင်းပခဲ့သည့် “ 2nd ASEAN Heads of Civil Service (AHOCS) Retreat” အစည်းအဝေးတွင် အာဆီယံနိုင်ငံများ၏ ပြည်သူ့ဝန်ထမ်း သင်တန်းကျောင်းများအကြား ကွန်ယက်တစ်ခုထူထောင်ရန် စင်ကာပူ နိုင်ငံမှ အဆိုပြုခဲ့ပြီး၊ (၈.၅.၂၀၁၈)တွင် အသေးစိတ်ညှိနှိုင်းအစည်းအဝေးအား စင်ကာပူ နိုင်ငံမှ ဦးဆောင်ခေါ်ယူကျင်းပခဲ့ ပါသည်။ ၎င်းအစည်းအဝေးအပြီးတွင် ASEAN PSTI Network ၏ Term of Reference (TOR) ရရှိခဲ့ပြီး အဆိုပါမူကြမ်းအား (၂၅.၈.၂၀၁၈)ရက်နေ့ စင်ကာပူနိုင်ငံ၌ ကျင်းပသည့် 19th ASEAN Cooperation on Civil Service Matters (ACCSM) အစည်းအဝေး၌ တင်သွင်းကာ အတည်ပြုချက် ရယူခဲ့ အပြီးတွင် ASEAN PSTI Network ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ ထိုစဉ်မှ စတင်ကာ ဗဟိုဝန်ထမ်းတတ္ကသိုလ်(အထက်မြန်မာပြည်)သည် ASEAN Network of Public Service Training Institute (PSTI) ၌ အဖွဲ့ဝင်တတ္ကသိုလ်တစ်ခုဖြစ်ခဲ့ပါသည်။

၂။ ရည်မှန်းချက် (Objective/Aims)

ASEAN PSTI Network ဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

  1. အာဆီယံ(PSTI) အဖွဲ့ဝင်နိုင်ငံများရှိ ပြည်သူ့ဝန်ထမ်းများ၏ လေ့ကျင့် သင်ကြားရေးကို တာဝန်ယူဆောင်ရွက်နေသော အဆင့်မြင့်အရာရှိများ ပါဝင်သည့် ကွန်ယက်တစ်ခု ထူထောင်ရန်၊
  2. အာဆီယံ(PSTI) အဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူ့ဝန်ထမ်းများ ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း ကိစ္စရပ်များတွင် နည်းလမ်းနှင့် အတွေ့အကြုံ ကောင်းများ မျှဝေရန်၊
  3. အာဆီယံ(PSTI) အဖွဲ့ဝင်နိုင်ငံများ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေး၊ လေ့လာသင်ယူနိုင်ရေးများ ခိုင်မာအားကောင်းစေရန်၊အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် PSTI နှင့် ပတ်သက်သည့်ကိစ္စရပ်များအား တာဝန်ယူ ဆောင်ရွက်ရန် Convenor အဖြစ် အက္ခရာစဉ်အလိုက် ဆောင်ရွက် ရမည်ဖြစ်ပြီး သက်တမ်းမှာ(၂)နှစ်ဖြစ်ပါသည်။ ပထမဦးဆုံး(၂၀၁၉-၂၀၂၀) သက်တမ်းအား ဤအစီ အစဉ်ကို အဆိုပြုသော စင်ကာပူနိုင်ငံမှ စတင်ဆောင်ရွက်ခဲ့ပါသည်။

၃။ ဖွဲ့စည်းပုံနှင့် ပူးပေါင်းပါဝင်မှု

ASEAN PSTI Network များကြား ပူးပေါင်းဆောင်ရွက်မည့်နယ်ပယ်မှာ ပြည်သူ့ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် အစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများပြုလုပ်၍ မိမိတို့နိုင်ငံအလိုက် အတွေ့အကြုံနှင့် အရင်းအမြစ် (နည်းပညာ၊ မူဝါဒ၊သုတေသနတွေ့ရှိချက်)များအား မျှဝေခြင်းတို့ ဖြစ်ပါသည်။ASEAN Network of Public Service Training Institute (PSTI) ၌ အဖွဲ့ ဝင်တက္ကသိုလ်တစ်ခုဖြစ်သော ဗဟိုဝန်ထမ်းတတ္ကသိုလ်(အောက်မြန်မာပြည်)သည် အဖွဲ့၏ ရည်ရွယ်ချက်များနှင့်အညီ အဖွဲ့အတွင်း ပြုလုပ်သော အစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲနှင့် သင်တန်းများ၌ တက်ကြွစွာပါဝင်ဆောင်ရွက်ခြင်း၊ စင်ကာပူနိုင်ငံမှ ASEAN Network of Public Service Training Institute (PSTI) အမည်ဖြင့် လွှင့်တင်ထားသော Facebook Page ၌လည်း Public Administration နှင့် Learning and Development ဆိုင်ရာများအား အာဆီယံနိုင်ငံများအကြား အတွေ့အကြုံဖလှယ်ခြင်းများအား ဆောင်ရွက်လျက်ရှိပါသည်။https://www.facebook.com/groups/aseanpstinetwork

International Association of Schools and Institute of Public Administration (IASIA)သို့အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခြင်း

IASIA တွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှု

ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) သည် ၂၀၁၉ ခုနှစ်၊ မေလမှ စတင်ကာ နိုင်ငံတကာ Public Administration ဆိုင်ရာ အဖွဲ့အစည်း တစ်ခု ဖြစ်သော “International Association of Schools and Institute of Administration (IASIA)” ၏ အဖွဲ့ဝင် တက္ကသိုလ်(၁)ခု ဖြစ်လာခဲ့ပြီးနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ IASIA ၏ အောက်ဖော်ပြပါ Activities များတွင် ပါဝင် ဆောင်ရွက်လျက် ရှိပါသည်-

  • (က) IASIA မှ လစဉ်ထုတ်ဝေသော Newsletter များသို့ သတင်းလွှာ ရေးသားပေးပို့ခြင်း၊(ဤတက္ကသိုလ်မှ “Promote Cooperation in the Development and Implementation of Capacity-Building Programmes through Compentency- Based Training Approach” ခေါင်းစဉ်ဖြင့် ရေးသားပေးပို့သော ဆောင်းပါးသည် IASIA ၏ “A Newsletter of the IIAS-IISA, July-August 2020” တွင် ထည့်သွင်းဖော်ပြပါရှိပါသည်။)
  • (ခ) IASIA မှကျင်းပသော စာတမ်းဖတ်ပွဲများသို့ စာတမ်းများရေးသား တင်သွင်းပေးပို့ခြင်း၊ (၂၀၂၁ ခုနှစ် IASAI ၌ ကျင်းပမည့် စာတမ်းဖတ်ပွဲ “IASIA Conference, 2020” သို့ ဤတက္ကသိုလ်မှ “Development of Education and Training to Support Public Administration in Myanmar” ခေါင်းစဉ်ဖြင့် ရေးသားပြုစု ထားသော စာတမ်းအား တင်သွင်းထားရှိပါသည်။)
  • (ဂ) IASIA မှအခါအားလျော်စွာကျင်းပ၍ နိုင်ငံတကာ မှ Public Administration ဆိုင်ရာ အတွေ့အကြုံရှိသူ ပညာရှင်များ ပါဝင် ဆွေးနွေးသည့် Online Webinar များသို့ တက်ရောက်ခြင်း၊https://iasia.iias-iisa.org/

ICAPA Accreditation ရရှိရေး ပြင်ဆင်ဆောင်ရွက်ခြင်း

ICAPA တွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှု

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များသည် အမျိုးသားပညာရေးဥပဒေ အရ ဖွဲ့စည်းပေးထားသည့် National Accreditation and Quality Assurance Committee (NAQAC) မှ ချမှတ်ထားသည့် Standard နှင့် Guidelines များနှင့်အညီ ၎င်းတို့ တက္ကသိုလ်များ၏ အရည်အသွေးအသိအမှတ်ပြုမှု(Quality Accreditation) ရရှိအောင် ဆောင်ရွက်နေသကဲ့သို့ မိမိတို့ ဗဟိုဝန်ထမ်းတက္ကသိုလ်များသည် နိုင်ငံတကာ Public Administration ဆိုင်ရာအဖွဲ့အစည်းဖြစ်သော “International Association of Schools and Institutes of Public Administration(IASIA)”၏ အဖွဲ့ဝင်များဖြစ်သည်နှင့်အညီ ၎င်းအဖွဲ့အစည်းအောက်ရှိ International Commission on Accreditation of Public Administration (ICAPA)ထံမှ ပေးအပ်သည့် Accreditation ရရှိနိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။

Quality Management System (QMS) အရည်အသွေးအာမခံမှုစနစ် ထူထောင်ခြင်း

QMS ဆောင်ရွက်နေမှု

ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)သည် တက္ကသိုလ်၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရည်အသွေးအာမခံနိုင်ရန် အတွက် ISO 9001:2015 ကို အခြေခံသော အရည်အသွေးအာမခံမှုစနစ် (Quality Management System)အား ၂၀၁၈ ခုနှစ်၊ မေလမှ စတင်ကာ ထူထောင်ခဲ့ပါသည်။ ထိုစနစ်အတွက် Quality Manual, Quality Procedure နှင့် Work Instruction များအား ရေးဆွဲပြဌာန်းခြင်း၊ နှစ်အလိုက် Quality Objective များ ချမှတ်ခြင်း၊ Internal Audit Team များ ဖွဲ့စည်းကာ Internal Audit စစ်ဆေးခြင်း၊ တွေ့ရှိချက်အား ပါမောက္ခချုပ်ဦးစီးသော Quality Management Review Committee သို့ တင်ပြ၍၊ အဆိုပါကော်မတီမှ ချမှတ်ထားသည့် Quality Objectives သို့ ရောက်ရှိအောင် တည့်မတ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေးကဏ္ဍ၌ပူးပေါင်းဆောင်ရွက်ခြင်း

၁။ UNDP

နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေးကဏ္ဍ၌ UNDP ဖြင့် ပူးပေါင်း၍ သင်ရိုးများအား Review and Revise ပြုလုပ်ခြင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် TOT ပြုလုပ်ပေးခြင်း၊ နိုင်ငံ့ဝန်ထမ်း အဆင့်မြင့်အရာရှိကြီးများအတွက် ပို့ချသော သင်တန်းများ၌ သင်ခန်းစာများ လာရောက်ပို့ချဆွေးနွေးခြင်း၊ နည်းပညာဆိုင်ရာ ထောက်ပံ့မှုများ ပေးအပ်ခြင်းစသည့် နယ်ပယ်များ၌ ဆောင်ရွက်လျက်ရှိပါသည်။

၂။ EU

နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေးကဏ္ဍ၌ EU ဖြင့်ပူးပေါင်း၍ သင်ရိုးများအား Review and Revise ပြုလုပ်ခြင်း၊ နိုင်ငံ့ဝန်ထမ်း အဆင့်မြင့်အရာရှိကြီးများအတွက် ပို့ချသော သင်တန်းများ၌ သင်ခန်းစာ များ လာရောက်ပို့ချဆွေးနွေးခြင်း စသည့် နယ်ပယ်များ၌ ဆောင်ရွက်လျက်ရှိပါသည်။

၃။ UN-APCICT

UN-APCICT သည် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ နိုင်ငံ့ဝန်ထမ်းအဆင့်မြင့် အရာရှိကြီးများအတွက် ပို့ချသောသင်တန်းများတွင် e-Government, Information Security and Privacy ကဲ့သို့သော ဘာသာရပ်များအား လာရောက်ပို့ချခြင်း၊ ၎င်းတို့ ရေးဆွဲထားသော ICT ဆိုင်ရာ Flagship Program များအား TOT ပေးခြင်းစသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ပါသည်။

၄။ CNAG

ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)သည် ၂၀၁၈ ခုနှစ်၊ မေလ၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CNAG နှင့် MOU လက်မှတ်ရေးထိုးကာ လေ့ကျင့်သင်ကြားရေးနှင့် ပို့ချဆရာ၊ ဆရာမများ ၏ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ ကဏ္ဍများ၌ အောက်ဖော်ပြပါအတိုင်း ပူးပေါင်းဆောင်ရွက် ခဲ့ပါသည်-

  • (က) ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့အုပ်ချုပ်ရေး အကယ်ဒမီ(CNAG)၏ ပူးပေါင်းကူညီမှုဖြင့် ၂၃-၉-၂၀၁၉ ရက်နေ့မှ ၂၇-၉-၂၀၁၉ ရက်နေ့အထိ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) တွင် Training of Trainers သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ၃၅ ဦး ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ၃၅ ဦး စုစုပေါင်း ၇၀ ဦး တက်ရောက်ခဲ့ပါသည်။
  • (ခ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (Ministry of the Commerce of the People’s Republic of china MOFCOM) အစီအစဉ်ဖြင့် ပေကျင်းမြို့ရှိ အမျိုးသားအုပ်ချုပ်မှု အကယ်ဒမီ (CNAG)တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ဆရာ/ဆရာမ ၁၅ ဦး ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)မှ ဆရာ/ဆရာမ ၁၂ ဦး စုစုပေါင်း ၂၇ ဦးသည် ၁၅-၁၀-၂၀၁၉ ရက်နေ့မှ ၄-၁၁-၂၀၁၉ ရက်နေ့ထိ သွားရောက်၍ သင်တန်းတက် ရောက် ခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်