Courses

All ပုံမှန်သင်တန်းများ

(၈) စာရေးဝန်ထမ်းသင်တန်း

                       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်                      ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၂၀၇) သင်တန်းဝင်ညွှန်ကြားလွှာ တည်နေရာ၊ သင်တန်းကာလနှင့် သတင်းပို့ရမည့်နေ့ ၁။      စာရေးဝန်ထမ်းသင်တန်း၊ အမှတ်စဉ်(၂၀၇)ကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆  ရက်နေ့မှစ၍  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ရက်သတ္တ(၁၀)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်း တက်ရောက်ရမည့်သူများသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်(သောကြာ)နေ့ မွန်းလွဲပိုင်း(၁၈:၀၀) နာရီ နောက်ဆုံး ထား၍ရောက်ရှိသတင်းပို့ကြရမည်။ ရည်ရွယ်ချက် ၂။       နိုင်ငံ့တာဝန်ထမ်းဆောင်နေသော စာရေးဝန်ထမ်းများအား အမျိုးသားရေးအမြင်ရရှိရေးနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုရှိစေရေးတို့အတွက် လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် သက်ဆိုင်ရာပညာရပ်များကို အခြေခံအားဖြင့် နားလည်သဘောပေါက်စေပြီး စည်းကမ်းနှင့် ကိုယ်ကျင့်သိက္ခာကို စောင့်သိထိန်းသိမ်း တတ်သော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် [...]