Courses

All ပုံမှန်သင်တန်းများ

(၂) အဆင့်မြင့်အရာထမ်းသင်တန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အဆင့်မြင့်အရာထမ်းသင်တန်း၊ အမှတ်စဉ်(၂၃) သင်တန်းဝင်ညွှန်ကြားလွှာ တည်နေရာ၊ သင်တန်းကာလနှင့် သတင်းပို့ရမည့်နေ့                    ၁။      အဆင့်မြင့်အရာထမ်းသင်တန်း၊ အမှတ်စဉ်(၂၃)ကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှစ၍ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ရက်သတ္တ(၈)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတက်ရောက် ရမည့်သူများသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၃ ရက် (သောကြာနေ့) မွန်းလွဲပိုင်း (၁၈:၀၀)နာရီ နောက်ဆုံးထား၍ ရောက်ရှိသတင်းပို့ကြရမည်။ ရည်ရွယ်ချက် ၂။       အဆင့်မြင့်အရာရှိကြီးများအနေဖြင့် နိုင်ငံတော်၏ မူဝါဒလုပ်ငန်းစဉ်များကို ကောင်းစွာ သိရှိ နားလည်သဘောပေါက်စေရန်၊နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားအတွင်း သိရှိနားလည်ထားသင့်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်စေရန်၊ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ [...]