Courses

All ပုံမှန်သင်တန်းများ

(၄) အရာထမ်းအ‌ခြေခံသင်တန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၁၉) သင်တန်းဝင်ညွှန်ကြားလွှာ ရည်ရွယ်ချက် ၁။      နိုင်ငံ့တာဝန်ထမ်းဆောင်နေသော အရာထမ်းများအား အမျိုးသားရေးအမြင် ရရှိရေးနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုရှိစေရေးတို့အတွက် လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် သက်ဆိုင်ရာပညာရပ်များကို အခြေခံအားဖြင့် နားလည်သဘောပေါက်စေပြီး စည်းကမ်းနှင့် ကိုယ်ကျင့်သိက္ခာကို စောင့်သိ ထိန်းသိမ်းတတ်သော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် ရည်ရွယ်သည်။ သင်တန်းကာလ ၂။       သင်တန်းကာလမှာ Distance Learning ဖြင့် ရက်သတ္တပတ်(၂၀)ပတ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် In-House Learning ဖြင့် ရက်သတ္တပတ်(၄)ပတ် စုစုပေါင်း ရက်သတ္တ (၂၄)ပတ် ဖြစ်ပါသည်။ သင်တန်းသားအရည်အချင်းသတ်မှတ်ချက် ၃။         နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အသီးသီး၌ တာဝန်ထမ်းဆောင်လျက်ရှိသော အသက်(၄၅)နှစ်နှင့် အောက်၊ ဘွဲ့တစ်ခုခုရရှိပြီးသူ လစာနှုန်း   ( ၂၇၅၀၀ဝိ  - ၄၀၀ဝိ [...]