Courses

All ပုံမှန်သင်တန်းများ

(၃) အလယ်အလတ်အဆင့်အရာထမ်းသင်တန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အလယ်အလတ်အဆင့်အရာထမ်းသင်တန်းအမှတ်စဉ်(၁၀)  သင်တန်းဝင်ညွှန်ကြားလွှာ   ရည်ရွယ်ချက် ၁။      နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအသီးသီးတွင်စီမံခန့်ခွဲမှုတာဝန်ထမ်းဆောင်နေသည့် အလယ်အလတ် အဆင့် အရာထမ်းများအား ခေတ်နှင့်အညီပြောင်းလဲလာသော စီမံခန့်ခွဲရေးဆိုင်ရာ အယူအဆ၊ အတွေ့အကြုံများကိုသိရှိစေရန်နှင့် လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စွာ ထမ်းဆောင်နိုင်ရန် ရည်ရွယ်ပါသည်။ သင်တန်းကာလ ၂။       သင်တန်းကာလမှာ Distance Learning ဖြင့် ရက်သတ္တ(၁၆)ပတ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် In-House Learning ဖြင့် ရက်သတ္တပတ် (၈)ပတ် စုစုပေါင်း ရက်သတ္တပတ် (၂၄)ပတ် ဖြစ်ပါသည်။ သင်တန်းသားအရည်အချင်းသတ်မှတ်ချက်  ၃။      အရည်အချင်းသတ်မှတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်- (က)    ကျန်းမာရေးကောင်းမွန်၍  လစာနှုန်း (၃၀၈၀၀ဝိ-၄၀၀ဝိ-၃၂၈၀၀ဝိ) သို့မဟုတ် (၃၄၁၀၀ဝိ-၄၀၀ဝိ-၃၆၁၀၀ဝိ)ခံစားနေသောအသက်(၅၂)နှစ်နှင့်အောက် အလယ်အလတ် အဆင့် အရာထမ်းများ ဖြစ်ရမည်၊ ( ခ [...]