နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ နိုင်ငံရေးသိပ္ပံပညာဌာနသည် ၁၉၆၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ ဗဟိုပြည်သူ့ဝန်ထမ်းကျောင်း စတင်ဖွင့်လှစ်သည်မှစ၍ ပါဝင်ခဲ့သော ပညာဌာနတစ်ခု ဖြစ်ပါသည်။ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ် လျက်ရှိသော သင်တန်းအသီးသီး၌ နိုင်ငံတော်၏ မူဝါဒများနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များကို စဉ်ဆက်မပြတ် ခေတ်စနစ်နှင့်အညီ ဆွေးနွေးပို့ချလျက်ရှိသည့် ပညာဌာနတစ်ခုဖြစ်ပါသည်။ နိုင်ငံရေးသိပ္ပံပညာဌာနမှ ဘာသာရပ်များကို အလယ်အလတ်အဆင့်အရာထမ်းသင်တန်း၊အရာထမ်းလောင်း(အထူး)သင်တန်း၊ အရာထမ်းအခြေခံသင်တန်း၊ အရာထမ်းငယ်သင်တန်း၊ စာရေးဝန်ထမ်းကြီးကြပ်သင်တန်း၊ စာရေးဝန်းထမ်း သင်တန်းတို့တွင် ပို့ချပေးလျှက်ရှိပါသည်။ ၂၀၂၀ပြည့်နှစ် COVID 19 ကာလတွင် ဌာနအနေဖြင့် Online စနစ်ဖြင့် ပို့ချခဲ့ပါသည်။
ပြည်သူ့ရေးရာမူဝါဒနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကို အထောက်ကူပြုစေမည့် နိုင်ငံရေးအခြေခံ သဘောတရားနှင့် အသိပညာများဖြန့်ဝေသည့် အချက်အချာဌာနကြီးတစ်ခုအဖြစ် ဖြစ်ထွန်းပေါ်ပေါက် လာစေရန်။
- နိုင်ငံ့ဝန်ထမ်းများအား ပြည်သူ့ရေးရာမူဝါဒနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကို ထိရောက်စွာ အထောက်အကူပြုနိုင်သည့် နိုင်ငံရေးအယူအဆနှင့် အသိပညာများကို ဖြန့်ဝေပေးရန်၊
- နိုင်ငံ့ဝန်ထမ်းများတွင် ပြည်သူ့ဝန်ဆောင်မှုအခြေပြု သဘောထားခံယူချက်များ ဖြစ်ထွန်း ပေါ်ပေါက်ရေးအတွက် လိုအပ်သော နိုင်ငံရေးအသိပညာ၊ စွမ်းရည်နှင့်ခံယူချက်များကို မြှင့်တင် ပေးရန်၊
- နိုင်ငံတော်အပေါ်သစ္စာရှိသော၊ ဘက်မလိုက်သော၊ ပါတီနိုင်ငံရေးကင်းရှင်းသော ကျွမ်းကျင်မှု အခြေပြု နိုင်ငံ့ဝန်ထမ်းများ ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် လိုအပ်သော နိုင်ငံရေးအသိပညာ နှင့် ခံယူချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် သင်တန်းတက်ရောက်ရန် ရောက်ရှိ လာသော သင်တန်းသူ၊ သင်တန်းသားများကို နိုင်ငံရေးသဘောသဘာဝနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များကို ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီသိရှိစေရန် အောက်ဖော်ပြပါရည်ရွယ်ချက်များဖြင့် ဆွေးနွေးပို့ချပေးခြင်း ဖြစ်ပါသည်-
- (က) အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်သော အသိပညာဗဟုသုတနှင့် အတွေ့အကြုံကောင်းများ ရရှိစေရန်။
- (ခ) ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားရေးအတွက် စဉ်ဆက်မပြတ် ထိန်းသိမ်း ဆောင်ရွက်နိုင်သော နည်းလမ်းများ သင်ယူရရှိစေရန်။
- (ဂ) ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် တွေ့ကြုံရမည့် အခက်အခဲနှင့် အခွင့်အလမ်းများကို စုပေါင်းအဖြေရှာနိုင်ရေးအတွက် တာဝန်ယူ ဆောင်ရွက်ပေးနိုင်စေရန်။
နိုင်ငံရေးသိပ္ပံပညာဌာနရှိဆရာ၊ဆရာမများ
ဒေါ်ဝင်းစန္ဒာဦး
ပါမောက္ခ
ဒေါ်သင်းသင်းလဲ့
လက်ထောက်ကထိက
ဒေါ်မိုးသီတာမြင့်
လက်ထောက်ကထိက
ဒေါ်သင်းသင်းအောင်
လက်ထောက်ကထိက
ဒေါ်စုစုဝင်း
လက်ထောက်ကထိက
နိုင်ငံရေးသိပ္ပံ ဌာနမှအဓိကသင်ကြားပို့ချသည့်ဘာသာရပ်နှင့်ရည်ရွယ်ချက်များ
စဉ် |
ဘာသာရပ် |
ရည်ရွယ်ချက် |
၁ | နိုင်ငံရေးသိပ္ပံပညာ
Political Science (PS-5201)
|
|
၂ | နိုင်ငံတကာဆက်ဆံရေး
International Relations (PS-5202) |
|
၃ | ပထဝီဝင်နိုင်ငံရေး
Geopolitics (PS-5203) |
|
၄ | ဖက်ဒရယ်စနစ်
Federalism (PS-5204) |
|
စဉ် |
ဘာသာရပ် |
ရည်ရွယ်ချက် |
၁ | နိုင်ငံရေးသိပ္ပံနိဒါန်း
Introduction to Political Science (PS-5101) |
|
၂ | ဖက်ဒရယ်စနစ်
Federalism (PS-5102)
|
|
၃ | နိုင်ငံရေးဖွဲ့စည်းမှုအခြေခံ သဘောတရားများ
Elements of Political Institutions (PS-5103) |
|
၄ | နိုင်ငံတကာဆက်ဆံရေး
International Relations (PS-5104) |
|
၅ | ပထဝီဝင်နိုင်ငံရေး
Geopolitics (PS-5105) |
|
စဉ် |
ဘာသာရပ် |
ရည်ရွယ်ချက် |
၁ | နိုင်ငံရေးအခြေခံ သဘောတရားများနှင့်ကမ္ဘာ့နိုင်ငံရေးအတွေး အခေါ်များ
Basic Concept of Political Science and World Political Thoughts |
|
၂ | ပထဝီဝင်နိုင်ငံရေး
Geopolitics |
|
၃ | နိုင်ငံတကာဆက်ဆံရေး
International Relations |
|
၄ | ပြည်သူ့ရေးရာရေးမူဝါဒ
Public Policy |
|
၅ | မျက်မှောက်ခေတ်နိုင်ငံတော်ဖွဲ့စည်းမှုပုံစံများ
Modern Political Constitutions |
|
စဉ် |
ဘာသာရပ် |
ရည်ရွယ်ချက် |
၁ | နိုင်ငံရေးအခြေခံ သဘောတရားများနှင့်ကမ္ဘာ့နိုင်ငံရေးအတွေး အခေါ်များ
Basic Concept of Political Science and World Political Thoughts |
|
၂ | မျက်မှောက်ခေတ်နိုင်ငံတော်ဖွဲ့စည်းမှုပုံစံများ
Modern Political Constitutions |
|
၃ | မျက်မှောက်ခေတ် နိုင်ငံတကာရေးရာများ
International Current Affairs |
|
၄ | ပြည်သူ့ရေးရာမူဝါဒ
Public Policy |
|
၅ | ပြည်ထောင်စုစိတ်ဓာတ် နှင့် တိုင်းရင်းသား လူမျိုး များ၏ဓလေ့ထုံးစံများ
Union Spirit and Traditions of Ethnics People |
|
စဉ် | ဘာသာရပ် |
ရည်ရွယ်ချက် |
၁ | နိုင်ငံရေးအခြေခံ သဘောတရားများနှင့်ကမ္ဘာ့နိုင်ငံရေးအတွေး အခေါ်များ
Basic Concept of Political Science and World Political Thoughts |
|
၂ | ပြည်သူ့ရေးရာမူဝါဒ
Public Policy |
|
၃ | ပြည်ထောင်စုစိတ်ဓာတ် နှင့် တိုင်းရင်းသား လူမျိုး များ၏ ဓလေ့ထုံးစံများ
Union Spirit and Traditions of Ethnics People |
|
၄ | မျက်မှောက်ခေတ်နိုင်ငံတော်ဖွဲ့စည်းမှုပုံစံများ
Modern Political Constitutions |
|
၅ | မျက်မှောက်ခေတ် နိုင်ငံတကာရေးရာများ
International Current Affairs |
|
စဉ် | ဘာသာရပ် |
ရည်ရွယ်ချက် |
၁ | နိုင်ငံရေးအခြေခံ သဘောတရားများနှင့်ကမ္ဘာ့နိုင်ငံရေးအတွေး အခေါ်များ
Basic Concept of Political Science and World Political Thoughts |
|
၂ | ပြည်ထောင်စုစိတ်ဓာတ် နှင့် တိုင်းရင်းသားလူမျိုး များ၏ ဓလေ့ထုံးစံများ
Union Spirit and Traditions of Ethnics People |
|
၃ | မျက်မှောက်ခေတ်နိုင်ငံတော်ဖွဲ့စည်းမှုပုံစံများ
Modern Political Constitutions |
|
၄ | မျက်မှောက်ခေတ် နိုင်ငံတကာရေးရာများ
International Current Affairs |
|