Start
End
ဝန်ထမ်းအဖွဲ့အစည်းဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၅)နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁၈) သင်တန်းဖွင့်အခမ်းအနား
၁။ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ကေတုမတီခန်းမတွင် ဝန်ထမ်းအဖွဲ့အစည်းဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၅)နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ခုနှစ် ဇွန်လ(၂၇)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့် တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားပါသည်။