ဦးဇော်မိုးဝင်း

ဦးဇော်မိုးဝင်း

ဒုတိယ ပါမောက္ခချုပ်(စီမံခန့်ခွဲရေး)

ဦးဇော်မိုးဝင်းသည် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး) တာဝန် ထမ်းဆောင်နေသူဖြစ်ပါသည်။ ၁၉၈၃ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့(စိတ်ပညာ)၊ ၂၀၀၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာဒီပလိုမာနှင့် ၂၀၀၈ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ မဟာဘွဲ့(MPA)ရရှိခဲ့ပါသည်။

ဦးဇော်မိုးဝင်းသည် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး) တာဝန် ထမ်းဆောင်နေသူဖြစ်ပါသည်။ ၁၉၈၃ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့(စိတ်ပညာ)၊ ၂၀၀၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာဒီပလိုမာနှင့် ၂၀၀၈ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ မဟာဘွဲ့(MPA)ရရှိခဲ့ပါသည်။ ၁၉၈၃ ခုနှစ်မှ ၁၉၉၇ ခုနှစ်ထိ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကခေါ်ယူသည့် ပြန်တမ်းဝင်အရာရှိရာထူး စာမေးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံရပြီး ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနတွင် ဦးစီးအရာရှိ ရာထူးတာဝန်ကို ၁၂-၅-၁၉၉၇ ရက်နေ့မှစတင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၃၀-၉-၁၉၉၇ မှ ၉-၁-၁၉၉၈ ထိ ဗဟိုဝန်ထမ်း တက္ကသိုလ်(ဖောင်ကြီး)တွင် ဖွင့်လှစ်သည့် အခြေခံဝန်ထမ်းလောင်းအမှတ်စဉ်(၁၄၇)နှင့် ၂၀-၅-၂၀၁၃ မှ ၁၄-၆-၂၀၁၃ ရက်နေ့ထိ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)တွင် ဖွင့်လှစ်သည့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၁)သို့ တက်ရောက်ခဲ့ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာနတွင်ဖွင့်လှစ်သည့် ပြည်သူ့ဆက်ဆံရေး “Public Relations” သင်တန်းများ၊ ရန်ကုန်မြို့၊ မြန်မာ-စင်ကာပူ သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် အင်္ဂလိပ်စာသင်တန်းများသို့ တက်ရောက်ခဲ့ ပါသည်။ ပြည်ပအတွေ့အကြုံများအနေဖြင့် အာရှဖွံ့ဖြိုးရေးဘဏ် အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံများတွင် ကျင်းပသည့် Advanced Executive Development Program for Middle Level Officials သင်တန်း၊ ထိုင်းနိုင်ငံ (Mae Fan Luang University)၊ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံများတွင် ကျင်းပသည့် Learning Program on GMS Competiveness and Inclusive သင်တန်း၊ တရုတ်နိုင်ငံ Peking University တွင် ကျင်းပသည့် Seminar on Public Service Reform and Innovation for Developing Countries သင်တန်း၊ ထိုင်းနိုင်ငံတွင် ကျင်းပသည့် Seminar on HR Innovation in ASEAN Countries Civil Service၊ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် Workshop on Test Item Writing Construction and Development ၊ စင်ကာပူနိုင်ငံနှင့် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံများတွင် ကျင်းပသည့် Workshop on IAI HRD အလုပ်ရုံဆွေးနွေးပွဲများ၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် Workshop on Natural Disaster Reduction၊ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် Work Procedure Manual Workshop အလုပ်ရုံဆွေးနွေးပွဲများ၊ ကိုရီးယားသမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ အဆင့်မြင့် လေ့လာရေးခရီးများနှင့် ဂျပန်နိုင်ငံတွင်ကျင်းပသည့် Training Cooperation Program သို့ သွားရောက်ခဲ့ပါသည်။ (၁၅)ကြိမ်၊ (၁၆)ကြိမ်နှင့် (၁၈)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ အစည်းအဝေးကြီးနှင့် ဆက်စပ် အစည်းအဝေးများကို လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် တက်ရောက်ခဲ့ပါသည်။ (၁၇)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ အစည်းအဝေးကြီးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရာတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ပြင်သစ်နိုင်ငံသို့ ရာထူးဝန်အဖွဲ့၏ စာစစ်မှူးတာဝန်ဖြင့် သွားရောက်ခဲ့ပါသည်။

ပြည်တွင်းအတွေ့အကြုံများတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ဂျပန်နိုင်ငံ ဆာဆာ ကာဝါငြိမ်းချမ်းရေးဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းများ အရည်အသွေးတိုးတက်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ နေပြည်တော်တို့တွင် ကျင်းပခြင်း၊ ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှင့် ပူးပေါင်း၍ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် Strategic Management Workshop ကျင်းပခြင်း၊ ကုလသမဂ္ဂ အာရှနှင့်ပစိဖိတ်ဒေသ သတင်းအချက်အလက် နည်းပညာသင်တန်းဌာန (UN-APCICT)နှင့် ပူးပေါင်း၍ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)နှင့် (အထက်မြန်မာပြည်)တို့တွင် (ICT) သင်တန်းများ ကျင်းပခြင်း၊ (IAI) အစီအစဉ်ဖြင့် ရန်ကုန်မြို့၊ မြန်မာ-စင်ကာပူ သင်တန်းကျောင်းတွင် သင်တန်းသားများ၊ တက်ရောက်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံ အာဆီယံလူ့စွမ်းအားဗဟိုဌာန အစီအစဉ်ဖြင့် ရန်ကုန်မြို့တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံများမှ နိုင်ငံ့ဝန်ထမ်း သင်တန်းဆရာများ လေ့ကျင့်သင်ကြားရေး သင်တန်းကျင်းပရာတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ပြည်သူ့ဝန်ထမ်းအကယ်ဒမီဖွင့်လှစ်ရေးနှင့် ပြည်သူ့ဝန်ထမ်း ပြုပြင် ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်ရေးဆွဲရေး အကြံပြုအလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင် ဆောင်ရွက်ခဲ့ပါသည်။ ဦးဇော်မိုးဝင်းသည် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနတွင် ဦးစီးအရာရှိ၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ခေတ္တ ညွှန်ကြားရေးမှူးချုပ် ရာထူးများ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၃၀-၁-၂၀၁၇ ရက်နေ့မှစတင်၍ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) တွင် ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)ရာထူးတာဝန်ဖြင့် ထမ်းဆောင်လျက်ရှိပါသည်။ နိုင်ငံ့ဝန်ထမ်း တာဝန် ထမ်းဆောင်စဉ် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ ပြည်သူ့ဝန်ထမ်းတံဆိပ်၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်နှင့် စီမံထူးချွန်တံဆိပ်(တတိယဆင့်)များ ချီးမြှင့်ခြင်း ခံရပါသည်။