မူဝါဒ

နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုပညာရပ်များကို စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ကောင်းမွန်သောအုပ်ချုပ်မှုကို အထောက်အကူ ဖြစ်စေမည့် နိုင်ငံ့ဝန်ထမ်း ကောင်းများ ပြုစုပျိုးထောင်ရန်။

ဦးတည်ချက်

  1. နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုပညာရပ်များကို စဉ်ဆက်မပြတ်
    လေ့ကျင့်သင်ကြားပေးသည့် ဝန်ထမ်းတက္ကသိုလ် ဖြစ်စေရန်၊
  2. ကောင်းမွန်သော အုပ်ချုပ်မှုကို အထောက်အကူဖြစ်စေရန်၊
  3. ပြည်သူကိုအကျိူးပြုမည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်စေရန်။

ရည်ရွယ်ချက်

  • နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းလောင်းများအားကောင်းမွန်သော အုပ်ချုပ်မှုကို အထောက် အကူ ဖြစ်စေသည့် အခြေခံသင်တန်းများဖွင့်လှစ်လေ့ကျင့်ပေးရန်၊
  • အလယ်အလတ်အဆင့်အရာထမ်းများ၊ အဆင့်မြင့်အရာထမ်းများနှင့် ဝန်ထမ်းအဖွဲ့ အစည်း အကြီးအမှူးများကို စွမ်းရည်မြှင့်သင်တန်းများ စဉ်ဆက်မပြတ် လေ့ကျင့် သင်ကြားပေးရန်၊
  • ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများစွမ်းရည် တိုးတက် မြင့်မားရေး ဆိုင်ရာသင်တန်းများ၊ မွမ်းမံသင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို တာဝန် ယူကျင်းပပေးရန်၊